ဒုတိယဝန်ကြီး ဦးမျိုးမြင့် တပ်ကုန်း-ရမည်းသင်းလမ်းပိုင်းနှင့် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း ပြုပြင်ထိန်းသိမ်းမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးမျိုးမြင့် တပ်ကုန်း-ရမည်းသင်းလမ်းပိုင်းနှင့် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း ပြုပြင်ထိန်းသိမ်းမှု ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 26, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့တွင် ရန်ကုန် - မန္တလေးပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) ၏ တပ်ကုန်း-ရမည်းသင်း လမ်းပိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေနှင့် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း (မိတ္ထီလာ- တောင်ကြီးလမ်းပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မိတ္ထီလာ - တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်း (မိတ္ထီ လာ-တောင်ကြီးလမ်းပိုင်း) ကျွဲတပ် ဆုံရှိ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသည့် တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီ၏ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး လမ်းဦးစီးဌာနမှ အင်ဂျင်နီယာချုပ်က ထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြသည်။
အချိန်မီပြီးစီးအောင် ဆောင်ရွက်
တင်ပြမှုများအပေါ် ဒုတိယ ဝန်ကြီးက မိတ္ထီလာ - တောင်ကြီး- ကျိုင်းတုံ -တာချီလိတ်လမ်းအပိုင်းသည် ကုန်စည်စီးဆင်းမှုနှင့် လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသော လမ်းတစ်လမ်းဖြစ်၍ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှုမရှိစေရေး အရေးကြီးပါကြောင်း၊ ပြည်သူများခရီး သွားလာရာတွင် လုံခြုံချောမွေ့စွာနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် လမ်းညွှန်အမှတ် အသားများကို သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ထားရှိရန်၊ ဆောင်ရွက်ရမည့် လုပ်ငန်း စီမံချက်များကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် (မိတ္ထီလာ-တောင်ကြီးလမ်းပိုင်း) မိုင်တိုင် ၅၂/၆ မှ ၅၂/၇ ကြား ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မိုင်တိုင် ၆၅/၂ မှ ၆၅/၃ ကြား ရာဂီမုန်တိုင်းဒဏ်ကြောင့် လမ်းတာပေါင်ပဲ့ကျသည့် အပိုင်းတွင် Geogrids နှင့် Terra-mesm System အသုံးပြု၍ Soil Reinforcement Retaining wall တည်ဆောက်ပြီးစီးမှုအခြေအနေ၊ တောင်မြေပြိုကျသည့် အပိုင်းအတွင် Gabion box ဖြင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ကတ္တရာကွန်ကရစ် ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိုင်တိုင် ၁၀၀/၅ မှ ၁၀၀/၆ ကြား (တောင်လေးလုံး Toll Gate) တွင် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီ၏ Software Camera (Auto Number Plate Recognition ANPR) စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံနေမှု၊ မော်တော်ယာဉ်များ ဖြတ် သန်းသွားလာမှု အခြေအနေကို ထိန်းချုပ်စောင့်ကြည့်ဆောင်ရွက်နေသည့်အခန်းတို့ကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ Software ဖြင့် တိုးလ်ဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်အမျိုးအစား၊ ယာဉ်အစီးအရေအတွက်အား အလိုအလျောက်ဒေတာ ထည့်သွင်းနိုင်သည့်စနစ်၊ ဖြတ်သန်းသွားသည့် ယာဉ်များ၏ သတ်မှတ်တန်ချိန်အား မပိုစေရန် ထိန်းချုပ်နိုင်သည့်စနစ်၊ Software System မီးမပြတ်တောက်စေရေးအတွက် Solar System ဖြင့် မီးပေးဆောင် ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား တိုးလ်ဂိတ်ပတ်ဝန်း ကျင် သန့်ရှင်းသာယာရေးအလေးထားဆောင်ရွက်ရန်နှင့် လမ်းအသုံးပြုခကောက်ခံနှုန်းထားများကို မြင်သာသောနေရာများတွင် စိုက်ထူထားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၅၃ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
