ဒုတိယဝန်ကြီး ဦးဝင်းဖေ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပျော်ဘွယ် ဘုရားငါးဆူလမ်းနှင့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံလမ်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပျော်ဘွယ် - ဘုရားငါးဆူလမ်းနှင့် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံလမ်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ် - ဘုရားငါးဆူ လမ်းပိုင်းဖြစ်သည့် မိုင်တိုင်အမှတ် (၁၀/၀) နှင့် (၁၀/၃) ကြားရှိ လမ်းတာပေါင် ရေတိုက်စားခြင်းကို ကျောက်ရောမြေဖို့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ မိုင်အတိုင်အမှတ် (၂၈/၄) နှင့် (၂၈/၅) ကြားရှိ မြေသားတာပေါင်ပဲ့ကျနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လမ်းပန်းဆက်သွယ်မှုပြတ်တောက်မှုမရှိစေရေး ပြုပြင်ဆောင်ရွက်ရန် ကျန်ရှိသောနေရာများတွင် စက်၊ ယာဉ်၊ ယန္တရားများကို စနစ်တကျစီမံခန့်ခွဲ၍ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် မိတ္ထီလာ - တောင်ကြီး လမ်းပိုင်းဖြစ်သည့် မိုင်တိုင်အမှတ် (၄၀/၀-၄၀/၃) ကတ္တရာလမ်းသား ပဲ့ကျနေမှုကိုလည်းကောင်း၊ မိုင်တိုင်အမှတ် (၄၅/၃- ၄၅/၄) ကြား ရေကျော်သဖြင့် လမ်းပေါ်တွင် တင်ကျန်နေသည့် ရွှံ့နုန်းမြေများ စက်၊ ယာဉ်၊ ယန္တရားများဖြင့် ဖယ်ရှားနေမှုနှင့် မိုင်တိုင်အမှတ် (၄၇/၁-၄၇/၃) ကြား မြစ်ဆုံကွေ့တွင် ရေတိုက်စားပြီး အကျယ် ၁၄ ပေ၊ အလျားပေ ၃၀၀၊ လမ်းတာပေါင်နှင့် ကတ္တရာလမ်းသားပဲ့ကျနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မိတ္ထီလာ - တောင်ကြီး လမ်းပိုင်းဘေးရှိ ချောင်းအတွင်း ကျောက်နံရံစီမြေဖို့ပြီး ကျူးကျော်ထားခြင်းကြောင့် ချောင်းရေစီးကြောင်း ထိခိုက်နိုင်သဖြင့် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ပြီး ကျူးကျော်များကို ဖယ်ရှားရှင်းလင်းရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

စနစ်တကျဆောင်ရွက်

ယင်းနောက် ဒုတိယဝန်ကြီးသည် မိုင်တိုင်အမှတ် (၅၄/၄-၅၄/၅ )ကြား အကျယ် ၁၂ ပေ၊ အလျားပေ ၆၀၀ လမ်းသားပဲ့ကျနေမှုကိုလည်းကောင်း၊ မိုင်တိုင်အမှတ် (၅၇/၆) တွင် ရေတိုက်စားသဖြင့် ဖြစ်ပေါ်ခဲ့သည့်ပျက်စီးမှုများ ပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မိုင်တိုင်အမှတ် (၆၂/၂-၆၂/၃) ကြား မြေထိန်းနံရံတည်ဆောက်ထားရှိမှုကိုလည်းကောင်း၊ မိုင်တိုင်အမှတ် (၆၆/၀) တွင် ကျောက်ရောမြေဖို့၍ ပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကလောမြို့အဝင် မိုင်တိုင်အမှတ် (၇၁/၁-၇၁/၃) ကြား နှစ်ထပ်လမ်း အောက်ဘက်အခြမ်း ပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လမ်းပျက်စီးမှုနှင့် တောင်ပြိုမှုများကို အမြန်ဆုံးဖယ်ရှားရန်၊ လမ်းဘေးဝဲ၊ ယာ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ စနစ်တကျ ဆောင်ရွက်ထားရန်၊ လမ်းညွှန် အမှတ်အသားများကို သတ်မှတ်ထားသည့် အင်္ဂါရပ်များအတိုင်း စနစ်တကျဆောင်ရွက်ထားရှိရန်နှင့် လမ်းပြတ်တောက်မှုမရှိစေရေး အလေးထားကြပ်မတ် ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၉၃၄ ခု

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download