ဒုတိယဝန်ကြီး ဦးသိုက်စိုး “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်၊ ဝါဖိစက်နှင့် ရက်ကန်းရုံရှိ BOD များ၊ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 07, 2026
image_latest


နေပြည်တော် ဧပြီ ၆

ဝါစိုက်တောင်သူများ ဈေးကွက်ရရှိစေရန်နှင့် ဝါကြိတ်စက်၊ ရက်ကန်းစက်များအတွက် ကုန်ကြမ်းများ ရရှိစေနိုင်ရေး ရည်ရွယ်၍ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ အသင်းအမှုဆောင်များ၊ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက် “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်း၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဝါစိုက်အသင်းသားတောင်သူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်ကို ယခုကဲ့သို့ တည်ထောင်နိုင်ခြင်းအားဖြင့် နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်စသည့် မြို့နယ်များမှ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်သော ဝါများကို ဈေးကောင်းပေး၍ ဝယ်ယူကာ ကြိတ်ခွဲထုတ်လုပ်ပေးနိုင်သည့်အတွက် တောင်သူများအတွက် ဈေးကွက်ရရှိကာ ဈေးနှိမ်ခံရသည့် ကိစ္စများဖြစ်လာခြင်း မရှိတော့ကြောင်း။

နေပြည်တော်ကောင်စီအတွင်း၌ ယခုကဲ့သို့ သမဝါယမကဏ္ဍမှ ဝါကြိတ်စက်၊ ဝါဖိစက်နှင့် စက်ရက်ကန်းရုံ တည်ထောင်လည်ပတ်ခြင်းဖြင့် ပြည်တွင်း ချည်ချောထုတ်လုပ်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ပြည်တွင်းသုံးစွဲမှု ဖူလုံရုံသာမက ပြည်ပသို့ပါ တိုးမြှင့်တင်ပို့ နိုင်ရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်သူများ၊ ဝါလုပ်ငန်းရှင်များ၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်မှ တာဝန်ရှိသူများ အားလုံးအနေဖြင့် သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အောင် တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အလုပ်ရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

“လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်မှ ရက်ကန်းစက်ရုံတွင် ရက်ကန်းစင် ၃၅ စင် တပ်ဆင်လည်ပတ်ရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိစင် ၂၀ လည်ပတ်လျက်ရှိကြောင်း၊ ရက်ကန်းစင်တစ်စင်သည် ရှစ်နာရီ တစ်ဆိုင်းလျှင် ပိတ်ကိုက် ၈၀ ထွက်ရှိပြီး တစ်ရက်လျှင် ပိတ်အုပ်ကိုက် ၁၂၀ ထွက်ရှိကြောင်း၊ စက်ရုံမှ ကလေးအနှီးပိတ်များ၊ ဆေးရုံ ဆေးခန်းသုံး ပတ်တီးများ၊ စောင်၊ လုံချည်၊ အထက်ဆင်များကို ရက်လုပ်ကြောင်း သိရသည်။

ဝါကြိတ်စက်အတွက် စက်ရုံမှ တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်များရှိ ကျေးရွာသမဝါယမအသင်းသား ဝါစိုက်တောင်သူများထံမှ ၂၀၂၅-၂၀၂၆ ဝါရာသီမှာ ဝါပိဿာချိန် ၁၀၅၀၀၀ ကို ပြင်ပပေါက်ဈေးထက် ဈေးပိုပေး၍ ဝယ်ယူပေးနိုင်ခဲ့ပြီး လာမည့် ၂၀၂၆-၂၀၂၇ နှစ်တွင် ပိဿာချိန် သုံးသိန်းခန့် ဝယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဝါကြိတ်ခွဲ၍ ထွက်ရှိလာသော ဝါစေ့များကိုလည်း ကြိတ်ခွဲ၍ ဆီထုတ်လုပ်နိုင်ရေးအတွက် ဆီကြိတ်စက် တပ်ဆင်လည်ပတ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာရှိ ဆီစက်ကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၉၃ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download