ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဆင်သေချောင်းရေကြီးရေလျှံမှု လျော့ပါးရေး သောင်တူးလုပ်ငန်း၊ ရေကာတည်ဆောက်ခြင်း လုပ်ငန်းများနှင့် စစ်တောင်းမြစ် ရေစီးရေလာ ကောင်းမွန်စေရေး သောင်တူးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / March 23, 2026
image_latest


နေပြည်တော်၊ မတ် ၂၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ ဆင်သေချောင်း ရေစီးရေလာ ကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုလျော့ပါးစေရေးအတွက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဥယျာဉ်တံတားအဝင်ရေလမ်းနှင့် သိုက်ချောင်းတံတားအဝင် ရေလမ်းပိုင်းနေရာများအတွင်း သောင်တူးဖော်ခြင်း အထောက်အကူပြုရေကာများ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် စစ်တောင်းမြစ် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် သောင်တူးလုပ်ငန်းများဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးအား လုပ်ငန်းခွင်တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတို့က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍  လက်ရှိဆောင်ရွက်လျက်ရှိသည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့သည်။

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး၊ ယခုလုပ်ငန်းများဆောင်ရွက်နေမှုသည် ဆင်သေချောင်းတလျှောက်နှင့် စစ်တောင်းမြစ်ကမ်းတလျှောက် နေထိုင်ကြသော ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ကိုက်ညီမှုရှိပြီး၊ ရေရှည်တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်ကြရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းပြီးစီးမှုများနှင့် ပတ်သက်၍ ရွေးချယ်ခန့်အပ်ထားသော အရည်အသွေးစစ်ဆွေးရေးအဖွဲ့ (QC) များအနေဖြင့် သတ်မှတ်ချက်နှင့်အညီစစ်ဆေးပြီး၊ လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် QC ၏စိစစ်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဌာန၏ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များအနေဖြင့်လည်း လုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးသွားပြီး၊ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေး အလေးထားစိစစ်ကြပ်မတ်သွားရန် လိုကြောင်းမှာကြားခဲ့သည်။

ယခုကဲ့သို့ ရေလမ်းကြောင်းကောင်းမွန်ရေးနှင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ဆင်သေချောင်းတလျှောက်နှင့် စစ်တောင်းမြစ်ကြောင်းတလျှောက် နေထိုင်ကြသော ပြည်သူများ၏ စိုက်ပျိုးမြေများ၊ ကျေးရွာများ၊ ရေတိုက်စားမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်၍ ရေစီးရေလာကောင်းမွန်မှန်ကန်ပြီး၊ ကမ်းပြိုကမ်းစားမှုများ လျော့နည်းလာစေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

သတင်းစာများ - ၃၄၇၈ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: ၃၂

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download