ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တောင်သာမြို့နယ်အတွင်း ခိုအောင်းလှုပ်ရှားနေသော PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 17, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများကို ဒေသခံပြည်သူလူထုက ရွံရှာမုန်းတီးလျက်ရှိပြီး တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter – Terrorism Operation) ကို ဆောင်ရွက်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်မှုကိုမလိုလားသော ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တောင်သာမြို့နယ် သာယာကြီးကျေးရွာအနီး ခိုအောင်းလှုပ်ရှားနေသော အကြမ်းဖက်သောင်းကျန်းသူများကို စနစ်တကျ ချီတက်ရှင်းလင်းခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ သာယာကြီးကျေးရွာ၏ မြောက်ဘက်ခြမ်း ကျေးရွာစာသင်ကျောင်းနှင့် ဓမ္မပါလဘုန်းကြီး ကျောင်းတိုက်ဝန်းကျင်၌ အင်အားစုဖွဲ့အခြေပြုလျက်ရှိသည့် ခေါင်းဆောင်နှင့် အင်အားစိစစ်ဆဲ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့နှင့် ပစ္စတိုတစ်လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ်တစ်ခုကို သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ ထိတွေ့မှုဖြစ်ပွားသော နေရာတစ်ဝိုက်သို့ ဆက်လက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ အသုံးပြုသော မော်တော်ယာဉ်အချို့၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ ဒေသန္တရကွန်ကြူပိုက်မိုင်းအကြီး ခြောက်လုံး၊ အသေးငါးလုံး၊ စနက်တံအခု ၂၀ ၊ ၅.၅၆ မမကျည် ၁၄၀ တောင့်နှင့် ဝိုင်ယာကြိုးနှစ်ခွေသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း အသေးစိတ်ဆက်လက်ရှင်းလင်းခဲ့ရာ နေ့လယ်ပိုင်းမှစ၍ တောင်သာ၊ နွားထိုးကြီးနှင့် မြင်းခြံဒေသ ပတ်ဝန်းကျင်ရှိ အကြမ်းဖက်အဖွဲ့များ စုစည်းသည့်အင်အားစုဖြင့် ရွာတောင်ဘက်ခြမ်း၌ ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အကြမ်းဖက်အဖွဲ့များသည် နီးစပ်ရာစုစည်း၍ အင်အားများ ထပ်မံဖြည့်တင်းတုံ့ပြန်လာသည့်အတွက် လေကြောင်းပစ်ကူရယူ၍ ချေမှုန်းခဲ့ရာ ပစ်ခတ်မှုများ ညနေပိုင်းတွင် ပြီးဆုံးခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့များ ထိခိုက်သေဆုံးဒဏ်ရာအများအပြားဖြင့် သာယာကြီးရွာအတွင်းမှ တောင်ဘက်နှင့်အနောက်ဘက်များသို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားပြီး မိမိလုံခြုံရေးတပ်ဖွဲ့ဝင် အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်စစ်ကြောင်းများ အနေဖြင့် ယခုကဲ့သို့ ယုံကြည်စွာ သတင်းပေးမှုအပေါ် အရေးယူဆောင်ရွက်လာခြင်းကြောင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများက ဝမ်းမြောက်ကျေးဇူးတင်ကြလျက် လိုအပ်သည့်ကူညီပံ့ပိုးမှုများ အပြည့်အဝပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်းဖက်အဖွဲ့အစည်းများ၏ မတရားနှိပ်စက်ညဉ်းပန်း၍ ဆက်ကြေးကောက်၊ လူသတ်၊ ပြန်ပေးဆွဲလုပ်ရပ်များ ခံစားရသည့်ကျေးရွာများသို့ ကိုယ်တိုင်သတင်းဖော်ထုတ်၍လည်းကောင်း၊ ယုံကြည်စိတ်ချရသည့် ဒေသခံရွာသူ၊ ရွာသားများထဲမှ သတင်းရရှိမှုအပေါ်မူတည်လျက် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်မှုပြဋ္ဌာန်းချက်ပါအတိုင်း ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၀၄၄ ခု

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download