ဒေသမျိုးရင်းသစ်စေ့ မျိုးကောင်းမျိုးသန့်များ စဉ်ဆက်မပြတ်ရရှိရေးအတွက် သစ်စေ့ထုတ်ဧရိယာများ တိုးချဲ့တည်ထောင်သွားရန်လိုအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 08, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မုန်တိုင်ကြိုးဝိုင်းအကွက် အမှတ် (၄) ရှိ ဒဟတ်သစ်စေ့ထုတ်ဧရိယာသို့သွားရောက်၍ သစ်စေ့ထုတ်ဧရိယာအတွင်းမှ အပူပိုင်းဒေသမျိုးရင်း ဒဟတ်သစ်မျိုးစေ့များ စုဆောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစဉ် တာဝန်ရှိသူများက နှစ်အလိုက် သစ်စေ့စုဆောင်းမှု၊ သိုလှောင်ထိန်းသိမ်းမှု၊ ဖြန့်ဖြူးပျိုးထောင်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက အပူပိုင်းဒေသရှိ ခရိုင် ၁၃ ခုအတွင်း ရာသီဥတုနှင့်ကိုက်ညီသည့် ဒေသမျိုးရင်းသစ်မျိုးများ စိုက်ပျိုးရေးသည် အထူးအရေးကြီးကြောင်း၊ ဒေသမျိုးရင်းသစ်စေ့ မျိုးကောင်းမျိုးသန့်များ စဉ်ဆက်မပြတ် ရရှိရေးအတွက် သစ်စေ့ထုတ်ဧရိယာများ တိုးချဲ့တည်ထောင်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ် မုန်တိုင်ကြိုးဝိုင်းအကွက် အမှတ် (၄) ရှိ ၁/၂၀၂၄ ကျေးရွာသုံးထင်း စိုက်ခင်းဧက ၃၀ နှင့် ၂/၂၀၂၄ အခြားစိုက်ခင်း ၂၅ ဧကအတွင်း တမာ၊ ဒဟတ်၊ မဲဇလီ၊ ကုက္ကိုသစ်မျိုးများ စိုက်ပျိုးရှင်သန်နေမှုကိုလည်းကောင်း၊ မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်ရှိ မယ်ညိုတောင်ကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီး ဝဲယာစိမ်းလန်းစိုပြည်ရေးအတွက် အပူပိုင်းဒေသသစ်မျိုးများ စိုက်ပျိုထားသော တစ်အုပ်တစ်မစိုက်ခင်းကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ကျေးရွာသုံးထင်း စိုက်ခင်းဧက ၁၀၀ နှင့် အမြန် လမ်းမကြီး ဝဲယာ တစ်အုပ် တစ်မ စိုက်ခင်းဧက ၅၀ ရှင်သန် အောင်မြင်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်သစ်တော ပျိုးဥယျာဉ်သို့ သွားရောက်၍ ပျိုးပင် ၁၃၀၀၀၀ ကျော် ပျိုးထောင်ထားရှိမှု၊ ဆေးဖက်ဝင်ဂမုန်းမျိုး စိတ် ၂၀ နှင့် မြန်မာ့ရှားပါးသစ်ခွ မျိုးစိတ် ၆၀ တို့၏ မျိုးရိုးဗီဇထိန်းသိမ်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ထင်းကြိုးဝိုင်းအကွက် အမှတ် (၁၁) အတွင်း ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် အပင်များရှင်သန် အောင်မြင်မှုကိုလည်းကောင်း၊ ထင်းကြိုးဝိုင်းအကွက်အမှတ် (၁၄) ရှိ ချယ်ရီ တစ်အုပ်တစ်မ စိုက်ခင်း ရှင်သန်ဖြစ်ထွန်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၀၂၅ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download