နည်းပညာဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် သုံးဘီးနည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းသင်တန်းဖွင့်
နည်းပညာဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် သုံးဘီးနည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းသင်တန်းဖွင့်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 30, 2025
 
ဘားအံ အောက်တိုဘာ ၃၀
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် နည်းပညာတက္ကသိုလ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် Precision Auto Engineering Co.,Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် နည်းပညာဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် သုံးဘီးနည်းပညာဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်း သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ အမှတ်(၅)ရပ်ကွက်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ခေတ္တဝန်ကြီးချုပ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းသူကျော်က တက္ကသိုလ်၊ သိပ္ပံကျောင်းများအနေဖြင့် စက်ရုံ၊လုပ်ငန်းဌာနများနှင့် ပိုမိုချိတ်ဆက်မှုများလုပ်ဆောင်ပြီး မိမိတက္ကသိုလ်၊ ကျောင်းများဖွံ့ဖြိုးတိုးတက်အောင်၊ ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာ၊ အတတ်ပညာများအား စာတွေ့လက်တွေ့ပေါင်းစပ်၍ လုပ်ငန်းခွင်အသင့်ဝင်အင်ဂျင်နီယာများဖြစ်အောင် သုတေသနလုပ်ငန်းများတစ်ဆင့် စက်မှု လုပ်ငန်းများအတွက်အသုံးချနိုင်သော သုတေသနများပေါ်ထွက်လာအောင်နှင့်နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် Precision Auto Engineering Co.,Ltd မန်းနေဂျင်းဒါရိုက်တာ Mr Vrlkam Krishna က သုံးဘီးနည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းသင်တန်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး နည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းအကြောင်းအားရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းက အသိပညာပေးဆွေးနွေးဟောပြောမည့်သူများနှင့် Precision Auto Engineering Co.,Ltd တို့အား ဂုဏ်ပြု လက်မှတ်များပေးအပ်ချီးမြှင့်သည်။
ဟောပြောပွဲတွင် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက Combivation of theory and Practise for Boiler and Pressure Vessel များအကြောင်း၊ ပြည်နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က Building Comstruction and Building Materials များအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောသွားမည်ဖြစ်ပြီး Precision Auto Engineering Co.,Ltd သုံးဘီးနည်းပညာဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းသင်တန်းကို သင်တန်းသား(၂၄)ဦးဖြင့် ၁၀ ရက်ကြာအခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ခေတ္တဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းခန်းမအတွင်း သင်တန်းပို့ချပေးနိုင်ရန်ပြင်ဆင်ထားရှိမှုနှင့်သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
သတင်းစာများ - ၃၃၃၄ ခု
 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download 
                             
                                
 
                             
						 
						 
						