နည်းပညာနှင့် ကုန်သွယ်မှုမျှဝေ အရေးပါသည့်မိတ်ဖက်ထူထောင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 26, 2024
image_latest


မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေသည့် အရှေ့တောင်အာရှ၏ တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ အိန္ဒိယအရှေ့မြောက်ဘက်တွင် ကုန်းတွင်းနယ်နိမိတ် ထိစပ်နေသကဲ့သို့ ဘင်္ဂလားပင်လယ်အော်တွင် ရေနယ်နိမိတ်ထိစပ်နေသောနိုင်ငံဖြစ်သည်။ ရှေးကာလ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကတည်းကစ၍ ဘာသာသာသနာ၊ ယဉ်ကျေးမှု၊ စာပေ၊ စီးပွားရေး၊ လူမှုရေးမှအစ ကူးလူးဆက်နွှယ်ခဲ့သည့် တစ်မြေတည်း၊ တစ်ရေတည်းနိုင်ငံဖြစ်သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်နေ့မှစ၍ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ သံတမန်ဆက်ဆံရေး စတင်ခဲ့သည်။ သမိုင်းကြောင်းတစ်လျှောက်တွင် နှစ်နိုင်ငံအကြား အလွန်ထူးခြားသည့် မိတ်ဖက်ဆက်ဆံရေးနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ထူထောင်ထားနိုင်ခဲ့သည်။ ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှတို့အကြား အချက်အချာကျသည့်နေရာတွင် တည်ရှိနေပြီး တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေါင်းကူးပေးခြင်းကြောင့် အရေးပါသည့်နိုင်ငံများဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ “အိမ်နီးချင်းဦးစားပေးဝါဒ”နှင့် “အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ” တို့၏ ဆုံမှတ်တွင် တည်ရှိနေသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ သံခင်းတမန်ခင်း အင်ဒို-ပစိဖိတ်ဒေသတွင်း၌ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

အိန္ဒိယနိုင်ငံသည် ဆေးဘက်ဆိုင်ရာ၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာတို့တွင် အဆင့်အတန်းမြင့်မားသောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အစဉ်အဆက် အထောက်အကူပြုလျက်ရှိသည်။ ၂၀၂၄ ခုနှစ် အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် နှစ် (၆၀ )ပြည့် အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး “အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တန်ဖိုးအထားရဆုံး ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ယုံကြည်မိကြောင်း၊ ယခု အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် နှစ်နိုင်ငံအကြား ယုံကြည်မှု၊ ချစ်ကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် လာစေရေးတို့အတွက် မြဲမြံသည့်အုတ်မြစ်သဖွယ် လမ်းစဖော်မြှင့်တင်ပေးခဲ့သည်ဟုလည်း ဆိုနိုင်ကြောင်း” ပြောကြားခဲ့သည်။

အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် အိန္ဒိယနိုင်ငံ၏ အသိပညာမျှဝေမှု၊ မိတ်ဖက်ထူထောင်မှု၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုရရှိရန်အတွက် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ရာမှတစ်ဆင့် ဆောင်ရွက်မှုတို့အပေါ်ထားရှိသည့် သန္နိဋ္ဌာန်ကို ညွှန်းပြသော အမှတ်တံဆိပ်တစ်ခုအဖြစ် ကာလရှည်ကြာ ရပ်တည်ဆောင်ရွက်နေသည့် အစီအစဉ်ကောင်းတစ်ခုဖြစ်သည်။ အဆိုပါအစီအစဉ်ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ရာ ယခုအခါ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၆၀ တို့မှ ဝန်ထမ်းပေါင်း နှစ်သိန်းကျော်ကို လေ့ကျင့်ပေးနိုင်ခဲ့သည်။

အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ ဘာသာရပ်အလိုက် ဘွဲ့လွန်သင်တန်းများစွာနှင့် သုတေသနအစီအစဉ်များ ဆောင်ရွက်ပေးခဲ့ သည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ပညာသင်ဆု ၉၀၀ ကျော် ကမ်းလှမ်းလာခဲ့သည့်အတွက် အိန္ဒိယအစိုးရကို ကျေးဇူးတင်ရမည်ဖြစ်သည်။ တတ်ကျွမ်းမှတ်သားလာသည့် ကျွမ်းကျင်မှုနှင့် အသိပညာများဖြင့် သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် တီထွင်ကြံဆမှုနှင့် သုတေသနလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် အကျိုးများစွာဖြစ်ထွန်းခဲ့သည်။ မြန်မာနိုင်ငံ၏ သဘာဝဘေးဖြစ်စဉ်များတွင် အရေးပေါ်အကူအညီများ ချက်ချင်းဆောင်ရွက်ပေးခဲ့သည်။ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်သတိပေးစနစ်အတွက် ပထဝီသတင်းအချက်အလက်နှင့် အဝေးအာရုံခံစနစ်ရရှိမည်ဆိုလျှင် ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

နှစ် (၆၀) ပြည့် အောင်မြင်မှုအစီအစဉ်တွင် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လဲလှယ်နိုင်ခဲ့ပြီး ဒစ်ဂျစ်တယ်မှုခင်းသိပ္ပံဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေး၊ ဆိုလာစွမ်းအင်အသုံးပြု၍ ကျေးလက်ထောက်ပံ့ရေး၊ အသိဉာဏ်တုဆိုင်ရာ ဓာတ်ခွဲခန်းတည်ဆောက်ခြင်း၊ ရေပလတ်စတစ်ဖြစ်စဉ်များမှ ရရှိသော လောင်စာများ ပေါင်းစပ်သုံးစွဲခြင်း စသည့်အကျိုးများသောစီမံကိန်းများကို ဖော်ဆောင်နိုင်ခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် နှစ် (၆၀) ပြည့်မှသည် နောင်လာမည့်နှစ်များတွင်လည်း နှစ်နိုင်ငံအကျိုးဖြစ်ထွန်းမှုနှင့် အောင်မြင်မှုများ ပိုမိုဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဟုမျှော်လင့်သည်။ နှစ်နိုင်ငံ အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တူညီသည့် မျှော်မှန်းချက်များကို အခြေပြုပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းကောင်းဆက်ဆံရေး တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ခိုင်မြဲလာမည်ဟု ယုံကြည်ပါကြောင်း။ ။

သတင်းစာများ - ၂၉၆၅ ခု

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၂၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download