နယ်စပ်ရေးရာဝန်ကြီးဌာန၌ AI နည်းပညာအခြေခံလုပ်ငန်းခွင်အသုံးချမှုသင်တန်း ဖွင့်ပွဲကျင်းပ
နယ်စပ်ရေးရာဝန်ကြီးဌာန၌ AI နည်းပညာအခြေခံလုပ်ငန်းခွင်အသုံးချမှုသင်တန်း ဖွင့်ပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 03, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ခေတ်စနစ်နှင့်အညီ အသိပညာ၊ အတတ်ပညာများ လေ့လာတတ်မြောက်စေရန်ရည်ရွယ်၍ AI နည်းပညာ အခြေခံလုပ်ငန်းခွင် အသုံးချမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာနှင့် သင်တန်းနည်းပြများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွင် Artificial Intelligence (AI) နည်းပညာသည် လူသားများ၏ နေ့စဉ်ဘဝလုပ်ငန်းများတွင် မရှိမဖြစ် နည်းပညာတစ်ခုအဖြစ် ရပ်တည်လာနေပြီဖြစ်ရာ လုပ်ငန်းနယ်ပယ်များတွင် AI နည်းပညာကို အသုံးပြုခြင်းဖြင့် အချိန်ကုန် သက်သာစေသည့် အားသာချက်များစွာရှိပြီး လိုအပ်သော အချက်အလက်များကို မြန်မြန်ဆန်ဆန်စုစည်း၍ စနစ်တကျအသုံးချလျက်ရှိပါကြောင်း၊ ထို့ပြင် လူ့စွမ်းအား၊ စက်မှုစွမ်းအားများ လျှော့ချပြီး AI နည်းပညာနှင့် အစားထိုး၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့်အပြင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကဏ္ဍများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည်ကို တွေ့ရှိရပါကြောင်း။
အထောက်အကူပြုအဖြစ်သုံးစွဲ
မိမိတို့ဝန်ကြီးဌာနအနေဖြင့် Digital အခြေပြု နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ AI နည်းပညာကို အသုံးပြု၍ ဝန်ထမ်းများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများတွင် အတွေးအမြင်၊ အယူအဆများအား မှန်ကန်စွာသုံးသပ်ထည့်သွင်း၍ အကျိုးရှိစွာ အသုံးပြုရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ AI နည်းပညာသည် အကျိုးကျေးဇူးများစွာရှိသော်လည်း စိန်ခေါ်မှုများစွာလည်းရှိပါကြောင်း၊ AI စနစ်အပေါ် မှီခိုမှုများပြားလာပါက လူသားတို့၏ တွေးခေါ်ကြံဆနိုင်မှုစွမ်းရည်များ ကျဆင်းလာနိုင်မည်ဖြစ်သည့်အတွက် အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြုကိရိယာတစ်ရပ်အဖြစ်သုံးစွဲကြရန် အထူးမှာကြားလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် AI နည်းပညာကိုလေ့လာသင်ယူပြီး မိမိတို့လုပ်ငန်းခွင်များတွင် လက်တွေ့ ပြန်လည်အသုံးချဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်ရှေးရှု၍ တိုးတက်ပြောင်းလဲလာသည့် ICT နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာ ဒေါက်တာ တင်ဖုန်းကျော်က AI နည်းပညာဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအတွက် ချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၃၀ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
