နိုင်ငံကို ကာကွယ်စောင့်ရှောက်နေသည့် သူရဲကောင်းများကို လေးစားဂုဏ်ပြု
နိုင်ငံကို ကာကွယ်စောင့်ရှောက်နေသည့် သူရဲကောင်းများကို လေးစားဂုဏ်ပြု
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 22, 2024
ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ အားကစားပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် သန့်ရှင်းမွန်မြတ်သည့် အားကစားစိတ်ဓာတ်ကို အခြေခံသည့် ပြိုင်ပွဲသက်သက် ကျင်းပခြင်းထက်ပိုသည့် အမျိုးသားလှုပ်ရှားမှု၊ အမျိုးသားအားမာန်တို့ကို ထုတ်ဖော်ပြသည့်၊ စည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်သည့်၊ တစ်မျိုးသားလုံး၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် စွမ်းအားများ ဝင့်ကြွားခံ့ထည်မှုကို ပြသနိုင်သည့် ပွဲတော်ကြီးဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
အားကစားနှင့်ပတ်သက်၍ အမြင့်မားဆုံးခံယူချက်ဖြစ်သည့် “အားကစားမြှင့်တင်တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အတိုင်း တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားအားကစား ပွဲတော်ကြီးမှတစ်ဆင့် ပေါ်ထွက်လာသော စည်းလုံးညီညွတ်မှု၊ တက်ကြွသည့် အားမာန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာ၌ တွန်းအားများဖြစ်စေသည်။ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အနိုင်ရသည့်အချိန်၌ မြန်မာနိုင်ငံ၏ အလံနှင့် နိုင်ငံတော်သီချင်းလွှင့်တင်ပြီး နိုင်ငံများအလယ်တွင် ဂုဏ်ပြုခံရသည့်အခါ ကြက်သီးမွေးညင်းထဖွယ် ဂုဏ်ယူရခြင်းသည်လည်း မြန်မာဟူသည့် စိတ်ဓာတ်ကို နိုးထစေပြီး နိုင်ငံကိုကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်သည်။
၂၀၂၄ ခုနှစ် ပဉ္မမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခွန်အားကို တိုးတက်စေမည့် ယခုအမျိုးသားအားကစားပွဲတော်ကြီးကို ယခုကဲ့သို့ ကျင်းပနိုင်၊ စုစည်းနိုင်ခဲ့ခြင်းမှာလည်း မိမိတို့နိုင်ငံကို လုံခြုံအောင် ကာကွယ်ပေးနေသည့် သူရဲကောင်းများရှိနေခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ပြည်သူများကိုကာကွယ်ရင်း အသက်ပေးလှူကျဆုံးသွားခဲ့ရသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အခြားနိုင်ငံ့သားကောင်းများအားလုံးကို အထူးအလေးထား ဦးညွှတ်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း” အသိပေးပြောကြားခဲ့သည်။
တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပွဲမဝင်ခင် အစောပိုင်းကာလများမှစတင်ပြီး နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အားကစားသမားများ၊ ပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးတို့က ကြိုတင်ပြင်ဆင်ပွဲဝင်နိုင်ရေး ကြိုးပမ်းအားထုတ်နေကြချိန်တွင်လည်းကောင်း၊ တိုင်းရင်းသားပြည်သူများ လုံခြုံစိတ်ချစွာဖြင့် နေထိုင်လုပ်ကိုင် ရပ်တည်နိုင်ရေးအတွက်လည်းကောင်း တစ်ဖက်တွင် ပြည်ထောင်စုကြီး၏ နယ်မြေအသီးသီးကို အန္တရာယ်အမျိုးမျိုးတို့ မကျရောက်စေရေးအတွက် အသက်ခန္ဓာပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းများနှင့်အတူ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများအားလုံးတို့ကို အသိအမှတ်ပြု ဂုဏ်ပြုအပ်ပေသည်။
ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၊ ပြည်ပအန္တရာယ်အမျိုးမျိုးတို့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်ဖျက်ဆီးနေမှုများနှင့် ကြုံတွေ့နေရသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ပမှ သွေးထိုးမြှောက်ပင့်မှုများဖြင့် ပြည်တွင်းအမျိုးသားသစ္စာဖောက်များနှင့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အမျိုးမျိုးတို့က မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးနေကြသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးဆုံးရှုံးနေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသာမက မဟာဗျူဟာအချက်အချာကျသည့် ကမ္ဘာပေါ်ရှိ နိုင်ငံငယ်အများစုသည်လည်း ယင်းအခြေအနေမျိုးနှင့် ကြုံတွေ့နေရသည်ကိုလည်း တွေ့ရမည် ဖြစ်သည်။ ထိုကဲ့သို့ အဘက်ဘက်မှ ထိုးနှက်တိုက်ခိုက်မှုများ၊ ပြည်ထောင်စုကြီးကို ဖြိုခွဲဖျက်ဆီးနေမှုများကို ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်တို့၏ ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်၊ နိုးကြားသောအားမာန်များဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။
အမိမြန်မာနိုင်ငံတော်အတွင်း စုပေါင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် မိမိတို့၏ကဏ္ဍအလိုက် ကျရာတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် သယ်ပိုးဆောင်ရွက်နေကြသူများပင်ဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားများ၏ တိုင်းချစ်ပြည်ချစ်စိတ်ကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်သလို အလေးထားအသိအမှတ်ပြုကြရမည်ဖြစ်သည်။ ယခုကဲ့သို့ တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အားကစားပြိုင်ပွဲများမှတစ်ဆင့် မြန်မာဟူသောစိတ်ဓာတ်ကိုနိုးထစေပြီး နိုင်ငံတော်ကို အသက်ခန္ဓာပေးဆပ်၍ ကာကွယ်စောင့်ရှောက်ပေးနေသော သူရဲကောင်းများကို အားပေးမြှင့်တင်ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဒုက္ခအခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံ၏နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှုထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေမှုများကို လေးစားအသိအမှတ်ပြု ဂုဏ်ပြုလိုက်ရပါကြောင်း။ ။
သတင်းစာများ - ၃၀၂၀ ခု
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download