နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ် (၂) ၊ အပိုင်း(၂) (Diploma in IFRS ၊ Batch-2 ၊ Level-II) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / November 24, 2025


မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ် (၂)၊ အပိုင်း(၂) (Diploma in IFRS ၊ Batch-2 ၊ Level-II) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ : ၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ‌ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရာတွင် လည်းကောင်း၊ အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများနှင့် နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးအစီရင်ခံခြင်းကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများနှင့်အညီ လိုက်နာရေးဆွဲထုတ်ပြန်ရာတွင်လည်း ကောင်း၊ စာရင်းစံဆိုင်ရာအသိပညာဗဟုသုတများသိရှိနားလည်သည့် စာရင်းပညာတတ်ကျွမ်းသူ နိုင်ငံ့ဝန်ထမ်းများတိုးပွားလာစေရန်နှင့် စာရင်းပညာပြန့်ပွားစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ၏ သဘောတရားများ၊ IFRS အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုး‌ကျေးဇူးများ၊ မိမိတို့လုပ်ငန်း သဘာဝနှင့်သက်ဆိုင်သည့် စာရင်းရေးသွင်းချက်များ၊ စာရင်းရေးသွင်းရမည့် နည်းလမ်းများ၊ တန်ဖိုးသတ်မှတ်ခြင်းများ၊ ထုတ်ဖော်တင်ပြခြင်းများစသည့် ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲ ပြုစုရာတွင် သိရှိနားလည်သင့်သည့် နိုင်ငံတကာစာရင်းစံများနှင့် လိုက်လျောညီထွေဖြစ်စေ မည့် စာရင်းစံဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို ရရှိစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီခံမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပို့ချသည့်သင်ခန်းစာများကို ကြိုးစား သင်ယူကြရန်နှင့် စာရင်းပညာပိုမိုပြန့်ပွားစေရေးအတွက် အသိပညာ၊ ဗဟုသုတများကို လုပ်ငန်း ခွင်တွင် ပြန်လည်မျှဝေ၍ လက်တွေ့အသုံးချကြရန်၊ ပြောင်းလဲနေသော Standards များကို စဉ်ဆက်မပြတ်လေ့လာပြီး လိုက်နာကျင့်သုံးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံ(၁၀)ခု ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ (၈) ဦး၊ ဝန်ကြီးဌာန (၁၆ ) ခုမှ (၂၂) ဦး စုစုပေါင်း သင်တန်းသား (၃၀) ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့အထိ သင်တန်းကာလ (၃) လ ကျော်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ IFRS သင်တန်းကို Batch တစ်ခုလျှင် သင်တန်း Level သုံးခုခွဲ၍ သင်ကြားပေးမည်ဖြစ်ပြီး Level တစ်ခုချင်းအလိုက် သင်တန်းတက်ရောက် အောင်မြင်သူများကို Certificate လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပြီး ၊ Level – III အထိ တက်ရောက်အောင်မြင်သူများကို ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁)ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သတင်းစာများ - ၃၃၅၉ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download