နိုင်ငံတော်ကထားရှိသောစေတနာ တန်ဖိုးထားအသိအမှတ်ပြုတုံ့ပြန်
နိုင်ငံတော်ကထားရှိသောစေတနာ တန်ဖိုးထားအသိအမှတ်ပြုတုံ့ပြန်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 04, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ် မင်္ဂလာရှိသော တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ကာလတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းခြင်းအမိန့်များအား ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံတော်က ထုတ်ပြန်ကြေညာခဲ့သော အမိန့်များအရ ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင်ရှိသည့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား အကျဉ်းသူများအနေဖြင့် လွတ်ငြိမ်းသက်သာခွင့်များ ရရှိခဲ့သည့်အတွက် စိတ်နှလုံးချမ်းသာ ဝမ်းမြောက်ကြရသလို ၎င်းတို့၏ မိသားစုများနှင့် ဆွေမျိုးသားချင်းမိတ်ဆွေ အပေါင်းအသင်းများ အားလုံးအနေဖြင့်လည်း ဝမ်းမြောက်ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ခဲ့ကြသည့် မြင်ကွင်းများကို ယမန်နေ့က ကြုံတွေ့ခံစားကြရသဖြင့် နိုင်ငံတော်အကြီးအကဲအား ကျေးဇူးတင်အသိအမှတ်ပြုကြမည်ဖြစ်သည်။
နိုင်ငံတော်ယာယီသမ္မတအနေဖြင့် အဆိုပါနေ့ထူးနေ့မြတ်အခါသမယတွင် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေုးရှုသောအားဖြင့်လည်းကောင်း ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ မတိုင်မီကာလအတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ (စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့််ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခံရသူများ လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့ကြသည်။
လွတ်ငြိမ်းသက်သာခွင့်တွင် အကျုံးဝင်သည့် ပြစ်ဒဏ်ကျခံနေရသူများအား အမျိုးသားလုံခြုံရေးကောင်စီ အမိန့်အမှတ် (၅/၂၀၂၆) ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခြင်း၊ အမိန့်အမှတ် (၆/၂၀၂၆) ဖြင့် အကျဉ်းသား အကျဉ်းသူ ၂၈၂၅ ဦးတို့ကို ယင်းတို့ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ အမိန့်အမှတ် (၇/၂၀၂၆)ဖြင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူ ၁၀ ဦးတို့ကို ယင်းတို့ ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခြင်း၊ အမိန့်အမှတ် (၈/၂၀၂၆) ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) အရ ပြစ်မှုကျုးလွန်၍ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား အကျဉ်းသူ ၇၃၃၇ ဦးကို ယင်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ အမိန့်အမှတ် (၉/၂၀၂၆) ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က)ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုများဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရသူ ၁၂၄၈၇ ဦး၏ တရားရုံးကြားနာဆဲ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ပေးခြင်းအမိန့်များ ထုတ်ပြန်ကြေညာခဲ့သည်။
ဤကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် တရားရုံးကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်း၍ လွတ်ငြိမ်းခွင့်အမိန့်များ ထုတ်ပြန်ခြင်းများသည် ပြည်တွင်းစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။ နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခြင်းသည် ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို မြှင့်တင်ပေးရာရောက်စေပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေမည့် လုပ်ဆောင်ချက်များပင်ဖြစ်သည်။
သို့ဖြစ်ရာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရသူများသည် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရကြပြီး မိမိတို့၏မိသားစု၊ မိမိပတ်ဝန်းကျင် လူမှုစီးပွားဘဝနယ်ပယ်တွင် ပါဝင်ဆောင်ရွက်ခွင့် အခွင့်အရေးများရရှိလာမည်ဖြစ်သောကြောင့် နိုင်ငံတော်က မေတ္တာနှင့် စေတနာထားရှိမှုများကို သိမြင်နားလည်ပြီး ကောင်းကျိုးများကို ပြန်လည်တုံ့ပြန်ဆောင်ကြဉ်းပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
သတင်းစာများ - ၃၄၅၉ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
