နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ မွေးထုတ်ဆောင်ရွက်
နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ မွေးထုတ်ဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 25, 2026
နေပြည်တော် မတ် ၂၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ နည်းပညာကျောင်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး သုတ၊ ရသ စာအုပ်များ လှူဒါန်းသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ သက်မွေးပညာသင်ကျောင်း SMVTI သို့ ရောက်ရှိ ပြီး ကျောင်းရှိ အနုပညာလက်ရာများ၊ ခန်းမအတွင်းစာမေးပွဲဖြေဆိုရန် ပြင်ဆင်ထားရှိမှုများ၊ အင်ဂျင် နီယာဘာသာရပ် ဌာနများ၏ စာသင်ခန်းများနှင့် အလုပ်ရုံများ၊ ဟိုတယ်နှင့် ခရီးသွားဘာသာရပ် သင်တန်းများအတွက် ပြင်ဆင်ထားရှိမှုများ၊ စာကြည့်တိုက်၊ ကျောင်းဥပဓိရုပ် တင့်တယ်ရေးနှင့် စိမ်းလန်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ နှစ် ၇၀ ကျော် သက်တမ်းရှိကျောင်းဖြစ်ပြီး တစ်ချိန်က အရှေ့တောင်အာရှတွင် ခေတ်အမီဆုံးနှင့် အကောင်းဆုံးစက်မှုလက်မှုကျောင်းဖြစ်ခဲ့သည်အထိ အစဉ်အလာကြီးမားခဲ့သည်ဖြစ်ရာ ၎င်းကို ထိန်းသိမ်းနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ကျောင်း၏ အမွေအနှစ် အနုပညာလက်ရာများ ဖြစ်သည့် ပန်းပုရုပ်တုများ၊ ကျောက်ပြားစီပန်းချီကားချပ်ကြီးများ၊ နံရံဆေးရေးပန်းချီကားချပ်ကြီးများကိုပါ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားရန်၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ် များအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ လက်တွေ့ကျကျ ဖန်တီးပေးနိုင်ရေးတို့အတွက် စံနှုန်းများပြည့်မီ၍ လုပ်ငန်းခွင်လိုအပ်ချက်အညီ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားရန် တိုက်တွန်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း သို့ ရောက်ရှိပြီး Woodworking နည်းပညာဌာနရှိ အိမ်တွင်းအလှဆင်နှင့် ပရိဘောဂပစ္စည်းများ လက်တွေ့ ထုတ်လုပ်ထားရှိမှု အခြေအနေများ၊ Future Technology Lab သို့ ရောက်ရှိပြီး ဆန်စပါးအမျိုးအစားများနှင့် အရည်အသွေးတို့ကို AI ဖြင့် စိတ်ဖြာတိုင်းတာသည့် သုတေသနလုပ်ငန်း၊ စွမ်းအင်သုံးစွဲမှုကို အင်တာနက်မှ စောင့်ကြည့်ကွပ်ကဲမှုသုတေသနလုပ်ငန်းတို့မှ ရလဒ်များကို ကြည့်ရှုစစ်ဆေးကာ Agro-based Industries နှင့် MSME များ၊ ဆိုလာစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် သုတေသန ရလဒ်များကို အသုံးချနိုင်ရေး ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားပြီး သုတ၊ ရသ စာအုပ်များ လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် အင်းစိန်မြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ)သို့ ရောက်ရှိကာ အောက် မြန်မာပြည်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက် တန်းကျောင်းများရှိ ပေါင်းစပ်သိပ္ပံနှင့် စက်မှုဘာသာရပ်နှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်းများ၏ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို စာစစ်ဌာနသို့ အမှားအယွင်းမရှိ စနစ်တကျ ပို့ဆောင်သွားရန်မှာကြားကာ အင်ဂျင်နီယာဘာသာရပ်အလိုက် အလုပ်ရုံများ၊ သုတေသနလုပ်ငန်း များနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ့အကျိုးပြု စက်မှုကုန်ထုတ်လုပ်ငန်းများ အတွက် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည့် နည်းပညာရှင်လူငယ်ကောင်းများကို စဉ်ဆက်မပြတ် မြေတောင်မြှောက်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ JMASVTI သို့ ရောက်ရှိပြီး စာကြည့်တိုက်၊ စုဝေးခန်းမ၊ လျှပ်စစ်အလုပ်ရုံ၊ ပထမထပ်ရှိ စာသင်ခန်းများ၊ ပုံဆွဲ ခန်း၊ သိပ္ပံလက်တွေ့ဓာတ်ခွဲခန်း၊ ကွန်ပျူတာခန်းနှင့် တိုင်းတာရေး အလုပ်ရုံ၊ ပင်မဆောင် အပြင်ဘက်၊ မော်တော်ယာဉ်နည်းပညာ အလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးကာ MSME မြှင့်တင်ရေးနှင့် မော်တော်ယာဉ် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နိုင်ငံ့လူငယ်များကို နည်းပညာအရည်အသွေးပြည့်မီရေးအပြင် ဗလငါးတန်နှင့် ပြည့်စုံအောင် အစဉ်မြေတောင်မြှောက်ပေးသွားရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး အလုပ်ရုံများ၌ ကြည့်ရှုစစ်ဆေးကာ နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ အထောက်အကူပြု ပါဝင်ဆောင်ရွက်နိုင်သော ဂဟေဆက်နည်းပညာရှင်များကို စံနှုန်းပြည့်မီရုံအပြင် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကိုပါ လေ့ကျင့်ပျိုးထောင်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၈၀ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
