နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သားကောင်းရတနာများ၊ လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရေး လေ့ကျင့်ပျိုးထောင်
နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သားကောင်းရတနာများ၊ လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရေး လေ့ကျင့်ပျိုးထောင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 31, 2026
နေပြည်တော် မတ် ၃၀
၂၀၂၆ ခုနှစ် ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်း အမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အခြေခံပညာကျောင်းများ၌ မရှိမဖြစ်လိုအပ်သည့် ကာယပညာဆရာ ဆရာမ ၄၀၀ ကို ဒုတိယအသုတ်အဖြစ် လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ပထမအသုတ် သင်တန်းသားသင်တန်းသူ ၄၀၀ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၁၉၈၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ် (၁) မှ ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းအမှတ်စဉ် (၂၃) အထိ ကာယပညာဆရာ ဆရာမပေါင်း ၉၄၂၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်အောင်မြင်ခဲ့သည့် ဆရာ ဆရာမ ၈၀၀ ကို အခြေခံပညာကျောင်းများတွင် ဒုတိယအလယ်တန်းပြ (ကာယပညာ) များအဖြစ် ခန့်အပ်ပေးပြီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။
ယခုသင်တန်းက သင်ယူလေ့လာခဲ့သည့် အားကစားနည်းစနစ်များကို စနစ်တကျ သင်ကြားပြသစေလိုကြောင်း၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်မှ ပေါ်ထွက်လာမည့် ထူးချွန် ထက်မြက်သည့် အားကစားသမားများကို နိုင်ငံ့လက်ရွေးစင်အားကစားသမားများအဖြစ် ရွေးချယ်ပြီး အာဆီယံကျောင်းသားအားကစားပွဲတော်သို့ အဆင့်မီစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ပေးခဲ့သည့် သင်တန်းသည် ကာယပညာနှင့် အားကစားအခြေခံနည်းစနစ်များကို သင်ကြားပို့ချနိုင်မည့် ကာယပညာ ဆရာဆရာမများကို မွေးထုတ်လေ့ကျင့်ပေးခဲ့ပြီး မိမိတို့တာဝန်ကျရာ ကျောင်းအသီးသီးသို့ ရောက်ရှိသည့်အခါတွင် ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်းက သင်ကြားပို့ချပေးလိုက်သည့် သင်ခန်းစာများကို KG+12 သင်ရိုးနှင့်အညီ စနစ်တကျသင်ကြားပို့ချရင်း နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့သားကောင်းရတနာများ၊ လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရေး လေ့ကျင့် ပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများက ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းတွင် ပို့ချသင်ကြားခဲ့သည့် ဘာသာရပ်အလိုက် သရုပ်ပြတင်ဆက်ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာ ဆရာမ များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ယခုဖွင့်လှစ်သည့် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ် (၂၃) တွင် ရက်ပေါင်း ၄၀ တိတိ သင်ကြားပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၈၈ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
