နိုင်ငံတော်ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးရှုရွေးကောက်ပွဲအောင်မြင်ရေးကြိုးပမ်း
နိုင်ငံတော်ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးရှုရွေးကောက်ပွဲအောင်မြင်ရေးကြိုးပမ်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 16, 2025
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် “နိုင်ငံတော်၏အမျိုးသား အကျိုးစီးပွားကိုအလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ် များဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး”၊ “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး" ဦးတည်ချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။
ရွေးကောက်ပွဲအောင်မြင်ရေးဆောင်ရွက်ရာတွင် ဆောင်ရွက်နိုင်သည့် မြို့နယ်အားလုံး၌ ရွေးကောက်ပွဲကျင်းပနိုင်ရေးရည်မှန်းဆောင်ရွက်လျက်ရှိရာ မဲပေးခွင့်ရှိသူ ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်ရသည့် မဲဆန္ဒရှင်များအတွက်လည်း ကြိုတင်မဲများဖြင့် ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်နေရာများတွင် ရောက်ရှိနေသည့် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်များမဆုံးရှုံးအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၂ဝ၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၁) တွင်ပါဝင်သည့် မြို့နယ်များကို ဩဂုတ်လ ၂၀ ရက်နေ့က ကြေညာခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်သည် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၅၆)မြို့နယ်၊ အမျိုးသားလွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၉)နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်(၅၆)နယ်တို့တွင် ရွေးကောက်ပွဲများကျင်းပခြင်းပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၄-၉-၂၀၂၅ ရက်စွဲပါ ကြေညာချက်အမှတ်(၁၀၃/၂၀၂၅) ဖြင့် အသိပေးထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ၂၀-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ်(၅၇/၂၀၂၅)ဖြင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့်နေ့ရက်များကို သတ်မှတ်ကြေညာခဲ့သည်။ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် အချိန်ပိုမိုရရှိစေရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရက်တိုးမြှင့်၍ ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်သည် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၅၆)မြို့နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၉)နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်(၅၆)နယ်တို့တွင် ရွေးကောက်ပွဲများကျင်းပခြင်းပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၄-၉-၂၀၂၅ ရက်စွဲပါ ကြေညာချက်အမှတ်(၁၀၃/၂၀၂၅) ဖြင့် အသိပေးထုတ်ပြန်ကြေညာခဲ့သည်။
ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ၂၀-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ်(၅၇/၂၀၂၅)ဖြင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့်နေ့ရက်များကို သတ်မှတ်ကြေညာခဲ့သည်။ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာမဲဆန္ဒနယ်များ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အချိန်ပိုမိုရရှိစေရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ရက်တိုးမြှင့်၍ ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။ ။
သတင်းစာများ - ၃၂၈၇ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download