နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအားတွေ့ဆုံ အမှာစကားပြောကြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 19, 2025
image_latest


 နေပြည်တော် အောက်တိုဘာ  ၁၉

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် တပ်မတော်ကိုနိုင်ငံတော်၏ ပြည်တွင်းပြည်ပရန်ကို ကာကွယ်ရန်ဖွဲ့စည်းထားရှိခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကိုကာကွယ်နိုင်ရန်အတွက် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ အလားတူပြည်သူများမှ အပြည့်အဝယုံကြည်ကိုးစားသည့် တပ်မတော်ဖြစ်ရန်လိုကြောင်း၊ ဒေသအလိုက်တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် ဒေသခံပြည်သူများနှင့်တစ်သား တည်းဖြစ်အောင်လုပ်ဆောင်ပြီး ဒေသလုံခြုံတည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာဖြင့်ဆောင်ရွက် နိုင်ရေးလုပ်ဆောင်ရန်လိုကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏အခြေအနေအရ ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်းကာလအတွင်း ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများအထိဖြစ်ပေါ်ခဲ့သဖြင့် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါနိုင်ငံတစ်ဝန်း ထိုက်သင့်သလောက်တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး တစ်နိုင်ငံလုံးတည်ငြိမ် အေးချမ်းစေရေးတပ်မတော်အနေဖြင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြေင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သောကြောင့် လွပ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။

တပ်မတော်သားတစ်ဦးချင်းအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို မပျက် မကွက်လုပ်ဆောင် နေရန်လိုကြောင်း၊ အလားတူနေ့စဉ်ဆောင်ရွက်ရမည့် ဦးရေးထောက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို မပျက်မကွက်ဆောင်ရွက်နေရန်လိုကြောင်း၊ အမိန့်နှင့်ညွှန်ကြားချက်များအတိုင်းလိုက်နာ ဆောင်ရွက်ခြင်းသည်လည်း မိမိတို့တပ်ကို အရည်အသွေးရှိသည့် တပ်ဖြစ်အောင် ဆောင်ရွက်ခြင်း ပင်ဖြစ်ကြောင်း၊ မိမိတို့၏ လူနေမှုဘဝကိုထိခိုက်စေမည့် အသောက်အစားအပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ရှားရန်လိုကြောင်း၊ မိမိကိုယ်ကို တပ်မတော်သားကောင်းတစ်ဦးဆိုသည့်စိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ ဝတ်စားဆင်ယင်မှုများ၊ သွားလာနေထိုင်မှုများမှအစ စည်းကမ်းနှင့်အညီ နေထိုင်ကြရန်လိုကြောင်း။

တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အရာရှိ၊ စစ်သည်မိသားစုများအနေဖြင့်လည်း တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တတ်နိုင်သမျှအောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရာရှိ၊ စစ်သည် မိသားစုများ၏ သက်သာချောင်ချိရေးအတွက် လုပ်သင့်လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ရေး အုပ်ချုပ်ရသူများအနေဖြင့် အဆင့်ဆင့်စနစ်တကျစီမံခန့်ခွဲ နိုင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်တွင်တာဝန်ထမ်း ဆောင်နေစဉ်ကာလအတွင်း တပ်မတော်ကို ကောင်းအောင် တစ်ဦးချင်း ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားနည်းခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက်တွင် သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲခဲ့ကြကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် အခြေခံအားဖြင့်ရှိပြီးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေး တပ်မတော်သားများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေသအလိုက် ပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက် ခြင်းဖြင့် နိုင်ငံအတွက်ထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး အထောက်အကူပြုစေမည် ဖြစ်ကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြား နေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့်လက်နက် ကိုင်အကြမ်းဖက်မှုများချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေးမဖြစ်မနေ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့်တပ်၊ စွမ်းအားရှိသည့်တပ်များ ဖြစ်အောင်တည်ဆောက်ပြီး နိုင်ငံ့အကျိုး၊ တပ်မတော်အကျိုးနှင့် ဒေသအကျိုးအတွက် ဆောင်ရွက်သွားကြရန်လို ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာတိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဇနီးသည်လည်း ဆေးရုံတက်ရောက်ကုသလျက်ရှိ သွားရောက်ကြည့်ရှု၍သည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအားတစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၃၃၂၃ ခု

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download