နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စက္ကူစက်ရုံ (သာပေါင်း) သို့ သွားရောက်ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 09, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၉

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း စက္ကူစက်ရုံ (သာပေါင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား တာဝန်ရှိသူများက စက်ရုံရှင်းလင်းဆောင်ခန်းမတွင် စက်ရုံသမိုင်းအကျဉ်း၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ပြီးစီးမှု၊ စက်ရုံဆိုင်ရာအချက်အလက်များနှင့် ဝန်ထမ်းများ ခန့်အပ်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဝင်ငွေ၊ အသုံးစရိတ်နှင့် အမြတ်/အရှုံး နှိုင်းယှဉ်မှု၊ သတင်းစာစက္ကူများ ထုတ် လုပ်ခဲ့မှုနှင့် ဖြန့်ဖြူးရောင်းချမှု၊ တန်(၆၀)သတင်းစာစက္ကူစက်ရုံတွင် သတင်းစာထုတ် လုပ်မှုလုပ်ငန်းစဉ်များနှင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိမှု၊ တန်(၅၀)အဆင့်မြင့်စက္ကူစက်ရုံတွင် အဆင့်မြင့်စက္ကူထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် စမ်းသပ်ထုတ်လုပ်နေမှု၊ တန်(၆၀) ဝါး ပျော့ဖတ်စက်ရုံတွင် ဝါးပျော့ဖတ်များ စမ်းသပ်ထုတ်လုပ်လျက်ရှိမှု၊ တန်(၄၀) လောင်စာတောင့် စက်ရုံတွင် လောင်စာတောင့်များထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့် ထုတ်လုပ်နေမှု၊ ရည်မှန်းချက်တာဝန်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အနေဖြင့် ပြည်တွင်းလိုအပ်ချက်ရှိနေသည့် စက္ကူအမျိုးမျိုးကို နှစ်စဉ်ပြည်ပမှတင်သွင်းနေရကြောင်း၊ သို့ဖြစ်၍ စက္ကူထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခြင်းအားဖြင့် ပြည်ပမှတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းများဖြစ်သည့် သစ်၊ ဝါးများလိုအပ်မှုကို ဖြည့်တင်းပေးနိုင်ရန် သစ်၊ ဝါးများစိုက်ပျိုးခြင်းအားဖြင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူဖြစ်စေပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ စက္ကူထုတ်လုပ်ရန် အခြေခံလိုအပ်ချက်ဖြစ်သည့် ပျော့ဖတ်ရရှိရေးသည် အရေးကြီးပြီး အရည်အသွေးကောင်းမွန်သည့် စက္ကူများထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝါးပျော့ဖတ်ထုတ်လုပ်ရေးစက်ရုံ၌ ဝါးကုန် ကြမ်းများအား အဆင့်ဆင့်ကြိတ်ခွဲခြင်း၊ ရေနွေးငွေ့ဖြင့် ပေါင်းခံခြင်း၊ အရောင်ချွတ်ခြင်း လုပ်ငန်းများနှင့် ပျော့ဖတ်ရရှိလာမှု လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေတို့ကိုလည်းကောင်း၊ တန်(၅၀)အဆင့်မြင့်စက္ကူစက်ရုံတွင် အဆင့်မြင့်စက္ကူထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ထုတ်လုပ်ထားသည့် အဆင့်မြင့်စက္ကူများ ကိုလည်းကောင်း၊ တန်(၆၀)သတင်းစာစက္ကူစက်ရုံတွင် သတင်းစာစက္ကူထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ စွမ်းအင်လောင်စာတောင့်စက်ရုံတွင် လောင်စာတောင့် ထုတ်လုပ်နေမှုအဆင့်ဆင့်ကိုလည်းကောင်း စက်ရုံတစ်ခုချင်းစီအလိုက် အသီးသီးလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၃၄၀၆ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download