နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 27, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၇

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများကရုံး/ဌာနများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ တပ်ရင်း/တပ်ဖွဲ့များအလိုက် နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် လုပ်ဆောင်ရန် လိုအပ်သည့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာလုပ်ငန်းလမ်းညွှန်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စစ်ဘက်ဥပဒေဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ကလောတပ်နယ်သည် အရာရှိကြီးများကို ဦးစီးအရာရှိကောင်းများဖြစ်စေရန် စစ်တိုက်တော်သည့် တပ်မှူးကောင်းများဖြစ်စေရန်အတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် သမိုင်းအစဉ် အလာကြီးမားသည့် တပ်နယ်ဖြစ်ကြောင်း။

တပ်မတော်သားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လိုသည့် စိတ်ဆန္ဒများဖြင့် တပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြသူများပီပီ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပေးအပ်လာသည့် မည့်သည့် တာဝန်ဝတ္တရားများကိုမဆို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ကြံ့ကြံ့ခံတွန်းလှန်သွားရန်လိုကြောင်း။

တပ်မတော်သားများသည် သစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုနေကြသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထားသူများဖြစ်၍ ၂၄ နာရီပေးအပ်သည့် အမိန့်နှင့်တာဝန်များကို သင်ကြားလေ့ကျင့်ပေးသည့် စစ်ပညာရပ်များကိုအသုံးချ၍ ကျေပွန်စွာထမ်းဆောင်နိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ထမ်းဆောင်ရာတွင် တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်ကျန် အလံမလဲသည့် စိတ်ဓာတ်တို့ဖြင့် မဆုတ်မနစ် ထမ်းဆောင်ကြရန်လိုကြောင်း၊ စစ်ဆင်ရေး၊ လုံခြုံရေးတာဝန်ထမ်းဆောင်ရာတွင် သင်ကြားပေးသည့် စစ်ပညာများကို မှန်မှန်ကန်ကန် အသုံးချရန်နှင့်တပ်ဆင်ပေး ထားသည့် လက်နက်၊ ခဲယမ်း၊ ကိရိယာများကို အပြည့်အဝ ထိရောက်စွာ အသုံးချရန် လိုကြောင်း၊ သို့မှသာ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကောင်းမွန်စွာကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှု များဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင် ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း(၃)ပိုင်းခွဲ၍ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု၊ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီး စီးပြီဖြစ်သဖြင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီးလာမည့် မတ်လအတွင်း လွှတ်တော်အစည်းအဝေးများ ခေါ်ယူကျင်းပကာ ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ မိမိတို့တပ်မတော်သားများသည် ပြည်သူများ အတွင်းမှ ပေါက်ဖွားလာသူများဖြစ်၍ ပြည်သူကို ကိုယ်စားပြုသည့် ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်အတွက်နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန် များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့် ရှောက်ရန်နှင့်နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အတွက် တပ်မတော်၌ အင်အားတောင့်တင်းရန်လိုကြောင်း၊ စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး အကြီးအကဲများက ကြိုးပမ်းဆောင်ရွက်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိ ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်သားများ ဖြစ်စေရေး မိမိတို့တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာအသုံးချနိုင်အောင်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများ ဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် ဆောင်ပုဒ်အတိုင်း တိတိကျကျ လေ့ကျင့်နေကြရန်လိုကြောင်း။

လေ့ကျင့်ရာတွင်လည်း တစ်ဦးချင်းသာမက အဖွဲ့လိုက်ပါလေ့ကျင့်နိုင်ရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ရန်လိုအပ်ပြီး အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်း စစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့် ဖြစ်ရမည်ဆိုသည့် “မြဲ(၃)မြဲနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုများကိုလည်း အမြဲမပြတ်လုပ်ဆောင်သွား ကြရန်လိုကြောင်း၊ သို့မှသာ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြင့် လုပ်ငန်းတာဝန်များနှင့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် အောင်မြင်စွာ ဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ သက်ဆိုင်ရာကွပ်ကဲအုပ်ချုပ်သည့် တပ်မှူးများအနေဖြင့်လည်း မိမိတပ်ရင်း/တပ်ဖွဲ့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များကို တပ်မှူးကောင်း စိတ်ဓာတ်ဖြင့် ညီညွတ်မျှတစွာ အုပ်ချုပ်ကွပ်ကဲကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ အုပ်ချုပ်မှုနှင့် သက်သာချောင်ချိမှုများ အားကောင်းပါက စိတ်ဓာတ်သည်လည်း အလိုလိုအားကောင်း လာမည်ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များအနေဖြင့် မိမိဝင်ငွေနှင့်ထွက်ငွေကို မျှတစွာသုံးစွဲတတ်ရန် လိုအပ်ပြီး တာဝန်ရှိသူများမှလည်း သက်သာချောင်ချိမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝင်ငွေနှင့်ထွက်ငွေ မျှတစေရေး၊ ချို့ခြံချွေတာရန် လိုအပ်သကဲ့သို့ မလိုလားအပ်ဘဲ အပိုကုန်ကျနိုင်မည့်အရက်၊ ဆေးလိပ်၊ ကွမ်း အပါအဝင် လူမှုရေးဆိုင်ရာ ကိစ္စ၊ လောင်းကစားမှုဆိုင်ရာကိစ္စစသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း အရာရှိ၊ စစ်သည်၊ မိသားစုများလိုက်နာရန် လိုအပ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် Agro Based Industries ကို မူဝါဒများချမှတ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့်လည်း တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် ရှိပြီးဖြစ်သည့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကိုတိုးချဲ့၍ စနစ်တကျဆောင်ရွက်ပါက မိသားစုများ၏ သက်သာချောင်ချိရေးအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

ထို့အပြင် တပ်မတော်သားများအနေဖြင့် မိမိတို့ဘဝတိုးတက်ရေးအတွက် အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း စာကောင်းပေမွန်များကို ဖတ်မှတ်လေ့လာကြရန်လိုကြောင်း၊ တပ်တိုင်းတွင် စာကြည့်တိုက်များထားရှိပေးထားပြီးဖြစ်၍ စာများများဖတ်ရှုလေ့လာမှသာ အသိပညာဗဟုသုတများရရှိလာမည်ဖြစ်ပြီး အမှားနှင့် အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အရာရှိစစ်သည် မိသားစုများအနေဖြင့် စာများများ တိုးတက်ဖတ်ရှုကြရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းခြင်းများကြောင့် နိုင်ငံတော်အနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သား မိသားစုဝင်များ၏ သားသမီးများသာမက တပ်မတော်သားများ၏ ပညာရည်မြင့်မားစေရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ကြောင်း၊ မိမိတို့၏ သားသမီးများ စဉ်းစားတွေးခေါ်တတ်သည့် ပညာတတ်လူငယ်များဖြစ်စေရေး အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၆ ခုနှစ် မတ်လတွင် ကျင်းပမည့် Grade -12 စာမေးပွဲတွင် ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ စာမေးပွဲထူးချွန်စွာ အောင်မြင်ရန်နှင့် အောင်ချက်ရာခိုင်းနှုန်းမြင့်မားစေရေး မိဘ၊ ကျောင်းသား၊ ကျောင်းသူ၊ တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားပြီး အရာရှိ၊ စစ်သည်၊ ရဲမေများ၏ တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ ဇနီးဒေါ်သန်းသန်းနွယ်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၃၄၅၅ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download