နိုင်ငံလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး နိုင်ငံသားတိုင်း တက်ကြွစွာပါဝင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 01, 2024
image_latest


နိုင်ငံတစ်နိုင်ငံတည်ထောင်ရေး၊ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲရေးတို့အတွက် အချိန်ကာလရှည်လျားစွာ အသက်သွေးချွေးတို့ပေးဆပ်ရင်းနှီး၍ အားထုတ်ကြိုးပမ်းကြရသလောက် နိုင်ငံပြိုကွဲပျက်စီးရန်နှင့် လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှုတို့ ဆုံးရှုံးရန်အတွက်မှာမူ အချိန်တိုအတွင်း အလွယ်တကူဖြစ်နိုင်သည်။ ယနေ့ကမ္ဘာတွင် စစ်မီးတောက်လောင်နေသည့်နေရာတိုင်း၊ ပြည်တွင်းပဋိပက္ခများနှင့် မငြိမ်မသက်မှုများ ဖြစ်ပွားနေသည့်နေရာတိုင်းတွင် မီးတောက်မီးလျှံတို့ ပို၍ကြီးမားလာအောင်၊ ပဋိပက္ခများပို၍ ပြင်းထန်လာအောင် အဖျက်အင်အားစုများက လုပ်ဆောင်နေကြသည်ကို တွေ့နိုင်သည်။

ဤလောကတွင် အပြုနှင့်အဖျက် ဆန့်ကျင်ဘက်သဘောနှစ်ရပ်အနက် အဖျက်ကိုသာ အားသန်ကြသည့်အလျောက် ပျက်သည်ထက်ပျက်စေရန်သာ အားပေးကြသည်။ ငတ်မွတ် ခေါင်းပါးနေသူတို့ကို အစားအစာကျွေးမွေးထောက်ပံ့ရန် လက်နှေးသလောက် စစ်မက်ဖက်ပြိုင်သူကို လက်နက်ပေးရန်အတွက်မူ တက်ကြွအားသန်ကြသည်။ လူသားအချင်းချင်း နားလည်စာနာရေး၊ ချစ်ခင်ရင်းနှီးရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး စသည်တို့မှာ အပေါ်ယံကြားကောင်းရုံမျှ ရေရွတ်နေကြခြင်းသာဖြစ်ပြီး လက်တွေ့တွင်မူ အုပ်စုဖွဲ့၍ အင်အားအပြိုင်အဆိုင်တည်ဆောက်ကြကာ အားနည်းသူအပေါ် အားသာသူတို့က နိုင့်ထက်စီးနင်း ပြုမူနေကြသည်။ ဘက်မလိုက်သူ၊ ဘက်မတူသူ၊ မိမိတို့အလိုသို့ မလိုက်ပါသူတို့ ပျက်စီးရန်လည်း အင်အားကြီးသူတို့က အထက်လမ်း၊ အောက်လမ်းနည်းမျိုးစုံဖြင့် ပြုစားတတ်ကြသည်ဖြစ်ရာ ကိုယ်ခံအားနည်းသူတို့ ဘေးဒုက္ခစုံတို့ကြုံရတတ်သည်ကို မျက်မှောက်ကမ္ဘာတွင် မျက်ဝါးထင်ထင်တွေ့မြင်နိုင်သည်။

လက်ရှိ မိမိတို့နိုင်ငံတွင်ဖြစ်‌ပေါ်နေသည့် အခြေအနေအရပ်ရပ်တို့မှာ နှစ်‌ပေါင်း ၆၀ ကျော်ခန့်ကာလအတွင်း အပြင်းထန်ဆုံးဟု ဆိုနိုင်သည်။ ပြည်တွင်းစည်းလုံးညီညွတ်မှုတို့ ယိုင်နဲ့ပြိုလဲအောင် အဖျက်အုပ်စုများစွာတို့က ဝိုင်းပတ်ဖြိုလှဲဖျက်ဆီးနေကြချိန်တွင် ပြည်ပလက်တံရှည်တို့ကလည်း ဝင်မွှေနေကြသည်။ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်မှုတို့ရရှိထားသည့် မြို့ရွာဒေသများတွင် ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ကြသော်လည်း အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဒေသများ၊ အဖျက်သောင်းကျန်းသူတို့ စိုးမိုးသည့်နေရာများတွင် နေထိုင်နေကြရသည့် ပြည်သူများမှာမူ တရားဥပဒေကင်းမဲ့မှုနှင့်အတူ မလုံခြုံ၊ မအေးချမ်းမှုများစွာ ကြုံတွေ့နေကြရကြောင်း ၎င်းတို့၏ရင်ဖွင့်သံများ၊ အတွေ့အကြုံများကို လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့မြင်ရသည်။ ယင်းသို့သော နေရာဒေသများတွင် နေထိုင်နေကြရသည့် တိုင်းရင်းသားပြည်သူများအားလုံး လိုလားသည့်ဆန္ဒမှာ ဒေသအေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်သည်။

ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ခိုင်ခိုင်မာမာရှိနေရန်လိုအပ်သည်။ ထို့အပြင် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝများ ပုံမှန်လည်ပတ်နိုင်ရန်မှာလည်း ဒေသတည်ငြိမ်အေးချမ်းရန်နှင့် တရားဥပဒေစိုးမိုးရန် မရှိမဖြစ်လိုအပ်သည်။ မျက်မှောက်ကာလ ဖြစ်ပေါ်နေသည့် ကမ္ဘာ့အခြေအနေ အရပ်ရပ်တို့အရ ပြည်တွင်း၌ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ၊ လက်နက်ကိုင်ပဋိပက္ခများမှာ နိုင်ငံပြိုကွဲပျက်စီးမှုသို့ ဦးတည်သွားစေနိုင်သည့်အလျောက် နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်တို့ ပြည့်ဝသည့် နိုင်ငံသူ နိုင်ငံသားတို့၏ စုပေါင်းအားဖြင့် နိုင်ငံတော်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့တွင် တက်ကြွစွာပါဝင်ကြရပါ မည့်အကြောင်း။ ။

သတင်းစာများ - ၂၉၀၆ ခု

ဆက်လက်ကြည့်ရှုရန် >

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 31, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 30, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ သြဂုတ် ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်၊ သြဂုတ် ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ သြဂုတ် ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက်၊ သြဂုတ် ၂၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက်၊ သြဂုတ် ၂၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက်၊ သြဂုတ် ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက်၊ သြဂုတ် ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download