နိုင်ငံအတွက်အားထားရမည့် လူကောင်းလူတော်များပျိုးထောင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2024
image_latest


ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် ပညာတတ်အရင်းအမြစ်များ ပေါများကြွယ်ဝကြသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့်ပညာတတ် အရင်းအမြစ်များပေါများလာအောင် နိုင်ငံများက ဦးစားပေးဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံတွင် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော် တည်ဆောက်နိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဘက်စုံပညာရေးစနစ်သည် ပညာသင်ကြား ထူးချွန်တတ်မြောက်ရေးသာမက ဗလငါးတန်နှင့်ပြည့်စုံသည့် အရည်အသွေးပြည့်ဝသော လူချွန်လူကောင်းများ မွေးထုတ်ပေးရေးဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ငါးနှစ်သင်တန်းအမှတ်စဉ်(၆)မှ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံမှာကြားရာတွင် “အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့်၊ ဗလငါးတန်နှင့်ပြည့်စုံသည့်၊ အရည်အချင်းပြည့်ဝသည့် လူငယ်များကို မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ ဆရာမများ၏ သင်ကြားပြသမှု၊ သွန်သင်ဆုံးမမှုကောင်းမွန်ခြင်းအပေါ်တွင် မူတည်နေကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်အောင်တည့်မတ်ပေးရေးသည် ဆရာ ဆရာမများ၏တာဝန်ပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိရာ ဒေသအသီးသီးရှိစာသင်ကျောင်းများတွင် ကျောင်းနေအရွယ်ကလေး ငယ်တိုင်း ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများ အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားစေရေးသာမက ဉာဏ်ပညာနှင့် တည်ဆောက်ထားသည့် လူ့ဘောင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေးကို အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် စာသင်ကျောင်းများတွင် ပညာသင်ကြားရေးသာမက ပညာရေး၏အနှစ်သာရဖြစ်သော အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုရေးကျင့်ဝတ်များကိုလည်း သင်ကြားပေးလျက်ရှိသည်။

လူအများ၏ဘဝသည် အသိပညာ၊ အတတ်ပညာပြည့်စုံမှုရှိ၊ မရှိအပေါ်တွင် ကွာခြားမှုများ၊ ပြောင်းလဲတိုးတက်မှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ငယ်စဉ်ကတည်းက ပညာကိုတစိုက်မတ်မတ် ဆုံးခန်းတိုင်အောင် သင်ယူနိုင်ကြပါက ဘဝအတွက် ပိုမိုအကျိုးရှိမည်ဖြစ်သည်။ လက်ရှိတွင် ပညာတစ်ဝက်တစ်ပျက်ဖြင့် ကျောင်းထွက်လိုက်ရသူများစွာရှိသည်။ အကြောင်းအမျိုးမျိုးကြောင့် ပညာကိုဆုံးခန်းတိုင်အောင် မသင်နိုင်ပါက ပညာပြည့်ဝသင့်သလောက်မပြည့်ဝဘဲ ဘဝတွင်လိုအပ်ချက်များရှိနေမည်ဖြစ်သည်။ ပညာကိုဆုံးခန်းတိုင်အောင်သင်ယူပြီး ဘဝလိုအပ်ချက်ပြည့်စုံနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်အယူအဆ ပြည့်စုံမှန်ကန်ရေးကိုလည်း ဖြည့်ဆည်းပေး ကြရမည်ဖြစ်သည်။

“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားပေးခြင်းနှင့်အတူ ကျောင်းစည်းကမ်းလိုက်နာခြင်းမှ အစပြုပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသားအလေ့အကျင့်ကောင်းများ ကိန်းအောင်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်လိုအပ်သည်။ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသိပညာဗဟုသုတများရှာမှီးနိုင်ရန် ကျောင်းစာကြည့်တိုက်များ၊ ရပ်ရွာစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို အလေးထားဆောင်ရွက် ပေးလျက်ရှိသည်။ အဆိုပါလုပ်ငန်းများသည် ပညာရေးနှင့်ဆက်စပ်နေသဖြင့် ဒေသအသီးသီးတွင် အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအား နိုင်ငံတော်က အားကိုးအားထား ပြုနိုင်မည့်ပညာတတ်၊ လူကောင်း၊ လူတော်လေးများဖြစ်လာအောင် ပျိုးထောင်ပေးကြရမည့်သူများမှာ ဆရာ ဆရာမများဖြစ်ကြသလို မိဘအုပ်ထိန်းသူများ၏ ပံ့ပိုးကူညီအားပေးမှုများလည်း လိုအပ်သည်။ ယခင်ကတစ်နှစ်တစ်တန်းအောင် ပညာသင်ယူပြီးဆုံးရေးကိုသာ ဦးစားပေးခဲ့ရာမှ ယခုအခါ ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ပေးလျက်ရှိရာ နိုင်ငံတော်၏ကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်လိုသည့် မွန်မြတ်သောစိတ်ကောင်းစေတနာကောင်းများရှိသည့် မျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းနေမည်ဟု ယုံကြည်ပါကြောင်း။ ။

သတင်းစာများ - ၂၉၆၅ ခု

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၂၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download