နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါခဲ့သည့် မိသားစုဝင်များ တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 14, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါခဲ့သည့် မိသားစုဝင်များနှင့်တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဝိုင်းဝန်းဆောင်ရွက်

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများအား ရာသီအမီ ပြန်လည်စိုက်ပျိုးနိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများ၊ အခြေခံပညာကျောင်းများကို ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိခိုက်ခဲ့သည့် လယ်ယာမြေများတွင် စပါးအပါအဝင် ဆီထွက်သီးနှံများနှင့် ဆောင်းသီးနှံများ ပြန်လည် စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တပ်ကုန်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေမျောပါသွားသည့် နေအိမ်များအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ရေမျောပါသည့် နေအိမ်တစ်အိမ်လျှင် ၂၃ သိန်း ၅ သောင်းကျပ်နှုန်းဖြင့် ပထမအကြိမ် နေအိမ် ၂၂၂ လုံးအတွက် စုစုပေါင်း ငွေကျပ် ၅၂၁၇ သိန်းနှင့် စားသောက်ကုန်ပစ္စည်းများ၊ အိမ်ထောင်စု လူဦးရေစာရင်းများကို ရေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားပြီး သက်ဆိုင်ရာဌာနများက နေအိမ်မျောပါသွားသည့် မိသားစုဝင်များကို ထောက်ပံ့ငွေများထုတ်ပေးနေမှု အခြေအနေများနှင့် ရေဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် ရေဘေးသင့် ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ကုန်ပစ္စည်းများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်သည်။

ထို့နောက် တပ်ကုန်းမြို့နယ် အဆုံဇီးကုန်းကျေးရွာ အမှတ် (၁၂၄) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းခြံစည်းရိုး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ ကျောင်းအတွင်း ရေဝင်ရောက်ခဲ့မှုအခြေအနေများနှင့် ကျေးရွာအနီး နဝင်းချောင်းရေတိုက်စားခဲ့မှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အဆုံဇီးကုန်းကျေးရွာအမှတ် (၁၂၄) အခြေခံပညာ မူလတန်းကျောင်းနှင့် ကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းခြံစည်းရိုးကို ခိုင်ခံ့မှုရှိစေရန် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ကျေးရွာသန့်ရှင်းသာယာရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၀၂၀ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download