နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် Fixed Wing များအားလုံး ဟန့်တားနိုင်ခဲ့
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် Fixed Wing များအားလုံး ဟန့်တားနိုင်ခဲ့
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 05, 2024
နေပြည်တော် နိုဝင်ဘာ ၅
နေပြည်တော်ကောင်စီနယ်မြေရှိ အရေးကြီးအဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ယုတ်မာကောက်ကျစ်သည့်အကြံအစည်များဖြင့် အကြမ်းဖက်သမားများသည် အရှေ့ဘက်အရပ်မှ ယနေ့နံနက်ပိုင်း လယ်ဝေးမြို့နယ်အတွင်းသို့ ဒေသန္တရလုပ် Fixed Wing အချို့ စမ်းသပ်ပစ်လွှတ်ခြင်းဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်နိုင်ရန် ကြံစည်ကြိုးပမ်းလာခဲ့သည်။
ထိုသို့ ကြံစည်ကြိုးပမ်းလာခဲ့မှုအား နေပြည်တော်ကောင်စီနယ်မြေအတွင်း လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ကြိုတင်ထောက်လှမ်းသိရှိခဲ့ရပြီး အဆိုပါ Fixed Wing များအားလုံးကို လက်ဦးမှုရယူဟန့်တားနိုင်ခဲ့သဖြင့် Fixed Wing ၃ စီးသည် လမ်းခရီးတွင် ပျက်ကျပျက်စီးခဲ့သည်။
ထိုသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၏ ပစ်ချဟန့်တားမှုကြောင့် Fixed Wing များ ပျက်စီးကျရောက်မှုများကို ဒေသခံပြည်သူများက သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအနီး ၁ စီး၊ ကြံခင်းစုကျေးရွာအနီး ၁ စီးနှင့် နနွင်းအိုင်ကျေးရွာအနီး ၁ စီးတို့အား ဗုံးသီးများနှင့်အတူ ရှာဖွေတွေ့ရှိသိမ်းဆည်းနိုင်ခဲ့ပြီး ပြည်သူများ အန္တရာယ်မဖြစ်စေရေး ဗုံးသီးများအား စနစ်တကျဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းနှင့် Fixed Wing များ စတင်ပစ်လွှတ်သည့်နေရာများကို နည်းပညာအကူအညီဖြင့် ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါနေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်များတွင် လူနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၃၀၃၂ ခု
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download