နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်ပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 17, 2025

နေပြည်တော် ဇူလိုင် ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အမှတ် (၁) ကံကြီးမွေးမြူရေးဇုန်၌ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မဟော်ဂနီပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက မဟော်ဂနီ၊ ကုက္ကို၊ ပိတောက်နှင့် ခရေစုစုပေါင်းအပင် ၂၀၀ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ကံကြီးမွေးမြူရေးဇုန်ရှိ ဦးတင်စိုး၏ ဒေသနွား ၇၃ ကောင် မွေးမြူထားရှိသည့် ခြံနှင့် ဦးဝင်းသူရ၏ နို့စားနွား ၁၉ ကောင်၊ အသားတိုးနွား ၁၁ ကောင် မွေးမြူထားရှိမှု၊ ဒေါက်တာ မြတ်စံ၏ ဥစားကြက်အကောင်နှစ်သောင်းမွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာနေဗီယာမြက်များ စိုက်ပျိုးထားရှိမှုတို့ကိုလည်းကောင်း၊ ဦးမောင်မောင်ညွန့်၏ နို့စားနွား ၂၁ ကောင် မွေးမြူထားရှိမှုနှင့် တိရစ္ဆာန်အစာနေဗီယာမြက်နှင့် အစ္စရေးမြက်ချိုစိုက်ပျိုးထားရှိမှု၊ ဦးတွမ်ခင်ဝင်း၏ နို့စားနွား ၁၂၅ ကောင်မွေးမြူထားရှိမှုနှင့် တိရစ္ဆာန်အစာနေဗီယာမြက်များ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တော်ဝင်ရတနာလမ်း၊ ရာဇဌာနီလမ်း၊ ရာဇသင်္ဂဟလမ်းနှင့် ပျဉ်းမနား-တောင်ညိုလမ်းများသို့ သွားရောက်၍ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုအခြေအနေများနှင့် နိုင်လွန်ကတ္တရာလမ်း (AC) ခင်းကျင်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လူအင်အားနှင့် စက်ယန္တရားအင်အားများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်၌ တိုက်အမှတ် (၄၃၁၂) အား ဖယ်ရှားရှင်းလင်းနေမှုနှင့် မင်္ဂလာကန်သို့ ကမ်းထိန်းနံရံများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)
သတင်းစာများ - ၃၂၃၉ ခု

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။
