နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေလွှဲဆည်၊ ရေလှောင်ကန်နှင့် ဆက်စပ်ရေအားအဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေလွှဲဆည်၊ ရေလှောင်ကန်နှင့် ဆက်စပ်ရေအားအဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 29, 2025

နေပြည်တော် သြဂုတ် ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက တိုင်ဖွန်းမုန်တိုင်းကဂျိကိ (KAJIKI) ၏ အရှိန်ကြောင့် မိုးရွာသွန်းမှုများပြားခဲ့သဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေလွှဲဆည်၊ ရေလှောင်ကန်နှင့် ဆက်စပ်ရေအား အဆောက်အအုံများ၏ ကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းရေလွှဲဆည်သို့ ရောက်ရှိပြီး လက်ရှိရေကျော်ကျစီးဆင်းသည့် ပမာဏသည် ၄ ဒသမ ၅ ပေအထိသာရှိပြီး ရာဂီမုန်တိုင်းတိုက်ခတ်စဉ်က ၁၁ ဒသမ ၈ ပေအထိ ရေကျော်ခဲ့သည့်အတွက် ယခုရေကျော်ကျစီးဆင်းမှုပမာဏ များပြားမှုမရှိသော်လည်း ရေလွှဲဆည်ကြံ့ခိုင်မှုအား (၂၄) နာရီ တာဝန်ချထားရန်၊ ဌာနမှ ထုတ်ပြန်ထားသည့် မျက်မြင်စစ်ဆေးတွေ့ရှိမှု၊ တိုင်းတာစစ်ဆေးမှုလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မဒန်းဆည်ရေသောက်စနစ်နှင့် ချောင်းမငယ်ဆည်ရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်း၊ ရေနုတ်မြောင်းနှင့် ရေပေးအဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ပြုပြင်ရန်ကျန်ရှိသည့် လုပ်ငန်းများကို မူလဒီဇိုင်းပုံစံအတိုင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်သွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး၊ လျာထားစိုက်ဧကများအတိုင်း ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်ရေးကြိုးစားဆောင်ရွက်ကြရန်နှင့် မိုးရေချိန် များပြားစွာရွာသွန်းလာပါက ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရန် ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာအနီးရှိ ဆင်အုံကန်သို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက ရေလှောင်ကန်၏ ရေပြည့်မှတ်အထက်တွင် ရောက်ရှိနေသောကြောင့် ရေလှောင်ကန်ထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၇၄ ခု

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download