နွေရာသီကျောင်းအားလပ်ရက်များတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတို သင်တန်းများဖွင့်
နွေရာသီကျောင်းအားလပ်ရက်များတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတို သင်တန်းများဖွင့်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ / March 03, 2025

ဘားအံ - မတ် (၃)
ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီမှကြီးမှူးဖွင့်လှစ်သော နွေရာသီကျောင်းအားလပ်ရက်များတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဖွင့်ပွဲကို မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီက အစိုးရနည်းပညာအထက် တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သက်မွေးပညာကာလတိုသင်တန်းများအဖြစ် အခြေခံကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းနှင့်ဆိုလာတပ်ဆင်ခြင်းသင်တန်းတို့ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးပါက သင်ယူရရှိခဲ့သည့် အသိ ပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကိုအသုံးချ၍ မိမိမိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းစရိတ်ချီးမြှင့်ငွေကျပ် ၁၂၂၅၈၀၀ဝိ/-(တစ်ရာနှစ်ဆယ့်နှစ်သိန်း ငါးသောင်းရှစ်ထောင်ကျပ်)ကို ကျောင်းအုပ်ကြီးထံ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ကိုသင်တန်းသားကိုယ်စားလှယ်များထံ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ(၂၀)ဦး၊ အခြေခံစက်ချုပ် သင်တန်းတွင် သင်တန်းသူ(၂၀)ဦး၊ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းအခြေခံနှင့်ဆိုလာတပ်ဆင်ခြင်းသင်တန်း တွင် သင်တန်းသား(၂၀)ဦး စုစုပေါင်းသင်တန်းသား၊သင်တန်းသူ(၆၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ်(၄)ပတ်ကြာမြင့်မည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်တန်းခန်းမများတွင် ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ စတင်သင်ကြားပို့ချပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။
သတင်းစာများ - ၃၀၉၅ ခု

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်၊ မတ် ၂ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်၊ မတ် ၁ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ ဖေဖော်ဝါရီ ၂၈ ရက် ၊သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်၊ ဖေဖော်ဝါရီ ၂၇ ရက် ၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၂၆ ရက် ၊ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download