ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 18, 2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရုံးအကူ ကိုဘိုဘိုထွန်း(၂၄)နှစ်သည် ဈေးရပ်ကွက်ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ရုံးလုပ်ငန်းများ ဆောင်ရွက်ပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မီးပွိုင့်လမ်းဆုံအရောက်၌ ဈေးရပ်ကွက်နေ ထွန်းမင်းလတ်(၄၉)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် တိုက်မိမည့်အခြေအနေဖြစ်ပွားခဲ့ရာ ထွန်းမင်းလတ်မှ လက်သီးဖြင့် ထိုးခဲ့သဖြင့် ကိုဘိုဘိုထွန်းတွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သောကြောင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ရုံးအကူ ကိုဘိုဘိုထွန်းအား ယင်း၏တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်အောင် နာကျင်အောင် ပြုလုပ်ခဲ့သူ ထွန်းမင်းလတ် အား နိုဝင်ဘာ ၁၅ ရက်တွင် အုတ်တွင်းမြို့မရဲစခန်း (ပ)၁၁၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က)ဖြင့် လည်းကောင်း။
အလားတူ နိုဝင်ဘာ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်တိုး ဦးဆောင်သည့် အဖွဲ့သည် ကျေးရွာနေပြည်သူမျာအား မဲဆွယ်စည်းရုံး ဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ရာ၌ အဆိုပါကျေးရွာနေ ဝင်းဦး(ခ)ဘက်ဟိုး(၄၂)နှစ်သည် လွှတ်တော် ကိုယ်စားလှယ်များ ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်နိုင်စေရန်အတွက် ကျေးရွာနေ ပြည်သူများအား လိုက်လံဖိတ်ကြားခြင်း ပြုလုပ်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ရပ်ကွက်/ကျေးရွာအလုပ်အမှုဆောင် ဒေါ်အမာစိန်(၅၂)နှစ်အား ဓားဖြင့် ခုတ်ခဲ့သဖြင့် ဒေါ်အမာစိန်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ဝင်းဦး(ခ)ဘက်ဟိုး အား ရွှေကျင်မြို့မရဲစခန်း (ပ)၄၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင် ရွက်လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ ပျိုးခင်းကုန်းကျေးရွာနေ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းညွန့်(၅၈)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၅၀ ဦးခန့်မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား ဖွင့်ခိုင်းကာ အဆိုပါရုံးအတွင်းထားရှိသည့် ပထမအကြိမ် မဲစာရင်းစာရွက်စာတမ်းများနှင့် ဦးဝင်းညွန့် ကိုင်ဆောင်သည့် လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယက် ယူဆောင်ကာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါ အကြမ်းဖက်သမားများအား နိုဝင်ဘာ ၁၀ ရက်တွင် စလင်းမြို့မရဲစခန်း (ပ)၁၃ /၂၀၂၅၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ)/၂၆(ခ)ဖြင့် လည်းကောင်း။
ထို့အတူ နိုဝင်ဘာ ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ စစ်ကုန်းကျေးရွာနေ အခြေခံပညာမူလတန်းကျောင်း ဒုတိယကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်မို့မို့ခိုင်သည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ရှစ်ဦး ရောက်ရှိလာပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် အဆိုပါ အကြမ်းဖက်သမားများအား နိုဝင်ဘာ ၁၅ ရက်တွင် ကြို့ပင်ကောက်မြို့မရဲစခန်း (ပ)၁၉၀/၂၀၂၅၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄(က)/(ခ)ဖြင့် လည်းကောင်း။
ထို့အတူ နိုဝင်ဘာ ၁၂ ရက်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့ စောအောင်မြင့်မြတ်(၂၀)နှစ် ဦးဆောင်သည့် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ကျေးရွာသူ၊ ရွာသားများအား ခေါ်ယူတွေ့ဆုံကာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲမပေးကြရန် ခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် စောအောင်မြင့်မြတ် ဦးဆောင်သည့် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား နိုဝင်ဘာ ၁၂ ရက်တွင် ဘီးလင်းမြို့မရဲစခန်း (ပ)၃၂၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(ခ)ဖြင့် လည်းကောင်း။
ထို့အတူ နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ အမှတ်(၄)ရပ်ကွက်၊ အနော်ရထာလမ်းထိပ်၌ စိုက်ထူထားသည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်အား ဆုတ်ဖြဲဖျက်ဆီးခြင်းခံခဲ့ရသဖြင့် ဖျက်ဆီးသွားသူ (စုံစမ်းဆဲ)အား နိုဝင်ဘာ ၁၂ ရက်တွင် တံတားနယ်မြေရဲစခန်း (ပ)၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း။
ထို့အတူ နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်နေ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးနန္ဒမျိုးအောင်သည် နေအိမ်၌ ရှိနေစဉ် ၎င်းနေအိမ်ရှေ့ သစ်တောလမ်းပေါ်မှ အမျိုးသား တစ်ဦး (စိစစ်ဆဲ)က (PPP)ကို မဲမပေးပါနဲ့ဟု အော်ဟစ်ပြောဆိုခဲ့သဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအား ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်နိုင်စေရန် နှောင့်ယှက်ဟန့်တားခဲ့သည့် အမျိုးသား တစ်ဦး(စိစစ်ဆဲ)အား နိုဝင်ဘာ ၁၂ ရက်တွင် အလုံမြို့မရဲစခန်း (ပ)၂၇၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် လည်းကောင်း။
ထို့အတူ နိုဝင်ဘာ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာ မြွေဘုရားသွားလမ်းထိပ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦး၏ မဲဆွယ်စည်းရုံးရေးအတွက် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသောကြောင့် ဖျက်ဆီးသွားသူ (စိစစ်ဆဲ)အား နိုဝင်ဘာ ၁၄ ရက်တွင် ပလိပ်နယ်မြေရဲစခန်း (ပ)၃၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် လည်းကောင်း။
ထို့အတူ နိုဝင်ဘာ ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဆပ်ကွင်းကျေးရွာဘုန်းကြီးကျောင်းအနီး ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ လွှတ် တော် ကိုယ်စားလှယ်လောင်း၏ မဲဆွယ်စည်းရုံးရေးအတွက် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသောကြောင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား နို ဝင်ဘာ ၁၃ ရက်တွင် ကန်ကြီးထောင့်မြို့မရဲစခန်း (ပ)၁၂၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် လည်းကောင်း။
ထို့အတူ နိုဝင်ဘာ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၆ လမ်းနှင့် ၅၇ လမ်းထောင့်၌ စိုက်ထူထားသည့် ပြည်သူ့ပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်အား ဖျက်ဆီးခံထားရသောကြောင့် ဖျက်ဆီးသွားသူ(စိစစ်ဆဲ)အား နိုဝင်ဘာ ၁၆ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်း (ပ)၁၄၃/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် လည်းကောင်း အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၃၅၃ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
