ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဝင် စပါးမျိုးများ စုဆောင်းခြင်းဆိုင်ရာနည်းပညာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဝင် စပါးမျိုးများ စုဆောင်းခြင်းဆိုင်ရာနည်းပညာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 21, 2024
ရန်ကုန် နိုဝင်ဘာ ၂၀
စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဝင် စပါးမျိုးများ စုဆောင်းခြင်းဆိုင်ရာ နည်းပညာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံသည် စပါးသီးနှံ၏ မူရင်းဒေသဖြစ်သည့်နှင့်အညီ မျိုးဗီဇရင်းမြစ်များ လွန်စွာကြွယ်ဝကြောင်း၊ အနံ့အရသာကောင်းမွန်၍ စားသုံးသူ နှစ်သက်သည့် ပေါ်ဆန်းအုပ်စုအပါအဝင် အရည်အသွေးကောင်း စပါးမျိုးများနှင့် အဓိကရိက္ခာဆန်စပါး ဖူလုံပိုလျှံရေးအတွက် အထွက်နှုန်းကောင်း စပါးမျိုးများ စုဆောင်းထိန်းသိမ်းခြင်းနှင့် သုတေသနဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အလားတူ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းတွင် ဌာနနှင့် တောင်သူပူးပေါင်းဆောင်ရွက်ရေးနည်းပညာပြန့်ပွားရေးကို တိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးမှာကြား သည်။
သဘာဝ ဘေးအန္တရာယ်များအပါအဝင် အခြေအနေအမျိုးမျိုးကြောင့် သီးနှံဗီဇအရင်းအမြစ်များ ဆုံးရှုံးပျောက်ကွယ်မှုများမှ ကာကွယ်ရန်နှင့် ပိုးမွှားဒဏ်၊ ရောဂါဒဏ်၊ ရေငတ်ဒဏ်၊ ရေဝပ်ဒဏ်ခံနိုင်ရည်ရှိသော ဗီဇလက္ခဏာကောင်းများ ကိန်းအောင်းသယ်ဆောင်ထားသည့် ဒေသအပင် မျိုးရင်းများ မပျောက်ပျက်အောင် ထိန်းသိမ်းရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ သုတေသီများ၊ ပညာရှင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ် မိုးစပါးရာသီတွင် ပေါ်ဆန်းရင် ဧက ၂၄၀၀၀ ကျော်၊ မီးဒုံး ဧက ၁၇၀၀၀၀ ကျော်၊ ဆန်မွှေး ၅၀၆ ဧကနှင့် အထူးအထွက်တိုးမျိုး၊ အထွက်ကောင်းမျိုး၊ အဆင့်မြင့်မျိုးများအပါအဝင် မိုးစပါး ၁၁၄၄၇၃၂ ဧက စိုက်ပျိုးခဲ့ပြီး နွေစပါးစိုက်ဧက ၂၅၀၈၉၆ ဧက လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၂၉၈၉ ခု
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 18, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 14, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 13, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download