ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၂၇

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံးပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း၊ တပ်ကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ၊ ဆောင်းသီးနှံ မတ်ပဲနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အားပေးစကားပြောကြား

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာ စိတ္တသုခဓမ္မာရုံ၌ကျင်းပသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ရုံးမှ ရေဘေးသင့်ပြည်သူများ၏ ပျောက်ဆုံး/ ပျက်စီးသွားသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲသို့ တက်ရောက်အားပေးစကားပြောကြားပြီး ပျဉ်းမနားမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ညောင်ပင်သာကျေးရွာအုပ်စု၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာအုပ်စု၊ သကြားစက်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာအုပ်စု၊ နတ်သူရဲကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သနပ္ပင်ဆိပ်ကျေးရွာအုပ်စုတို့မှ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ကြသည်။

ထို့နောက် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အုပ်စုချောင်းခွကျေးရွာ ကွင်းအမှတ် ၁၃၂၇ (ညောင်ကိုင်းကွင်း)သို့ရောက်ရှိပြီး ရေကြီးနစ်မြုပ် ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများတွင် ပြန်လည် စိုက်ပျိုးနိုင်ရေး ဆောင်းသီးနှံမတ်ပဲနှင့် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်အမှာစကား ပြောကြားကာ ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧရိယာများတွင် ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မတ်ပဲနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် အဆိုပါကွင်းအတွင်းသီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနက စက်ယန္တရားများဖြင့် မြေပြုပြင်ဆောင်ရွက်နေမှုများနှင့် တင်ကျန်ခဲ့သည့် သဲနုန်းများ ခြစ်ထုတ်နေမှုကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ်နောင်ခမ်းကျေးရွာတွင် ရေမျောခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်နေမှုနှင့် ကျေးရွာတွင်းလမ်းများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ လက်ပံကုန်းကျေးရွာ-မကျီးကုန်း ကျေးရွာ - သရက်အုပ်ကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းဖောက်လုပ်နေမှုကို လည်းကောင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၉၆၅ ခု

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၂၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download