ပျော်ရွှင်ကြည်နူးမှု၊ ယဉ်ကျေးသိမ်မွေ့မှုတို့ဖြင့် မြန်မာ့ရိုးရာ အတာသင်္ကြန်၏ ဂုဏ်ဒြပ်ကို မြှင့်တင်
ပျော်ရွှင်ကြည်နူးမှု၊ ယဉ်ကျေးသိမ်မွေ့မှုတို့ဖြင့် မြန်မာ့ရိုးရာ အတာသင်္ကြန်၏ ဂုဏ်ဒြပ်ကို မြှင့်တင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 13, 2026
တစ်နှစ်ကုန်၍ တစ်နှစ်ကူးသည့် အခါသမယ သင်္ကြန်တော်ကာလသို့ ကျရောက်ခဲ့ပြန်ပြီဖြစ်သည်။ “နွေခါမှီငယ်၊ ရာသီမိဿ၊ ဂိမှာနမို့၊ စိတြကြယ်၊ တိမ်မိုးလယ်မှာ၊ စံပယ်ကွန့်ကာ၊ တိမ်ဗွေချာဝယ်၊ ဒေသစာလမ်း၊ လှည့်လည်ငယ်မြန်းလို့၊ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာဖန်တော့တယ်၊ နိုင်ငံကြော့ပြည်သူမှာ၊ ပန်ဆုယူ တာရေသွန်းချိန်မို့၊ လွမ်းလှတယ်လေး။” ဟူ၍ မဟာအတုလမင်းကြီးက တန်ခူးလကို ဖွဲ့ဆိုခဲ့သည်။
တန်ခူးလတွင် စိတြနက္ခတ်သည် လမင်းနှင့်အပြိုင် ထွန်းလင်းသည်။ ရာသီအားဖြင့် မိဿရာသီဖြစ်ရာ မိဿသည် ပါဠိလို မေသကို မြန်မာလိုခေါ်ဆိုခြင်းဖြစ်ပြီး အနက်အဓိပ္ပာယ်မှာ ဆိတ်ကိုဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် တန်ခူးလ၏ ရာသီရုပ်သည် ဆိတ်ရုပ်ဖြစ်သည်။ တန်ခူးလ၏ ရာသီပွဲအားဖြင့် နှစ်သစ်ကူးအတာရေသွန်းသည့် သင်္ကြန်ပွဲဖြစ်ပြီး နိုင်ငံတစ်ဝန်း ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သည်။
နှစ်သစ်ကူးတွင် ပျော်မြူးရွှင်လန်းစွာ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းသွန်းလောင်းသည့် အစဉ်အလာယဉ်ကျေးမှုဓလေ့မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု မြန်မာတို့ ယုံကြည် ကြသည်။ ရှေးအခါက မဇ္ဈိမဒေသ ကပိလဝတ်ပြည်တွင် နေထိုင်ခဲ့ကြသည့် သာကီဝင်မင်းများသည် အတာကူးသည့် တန်ခူးလအခါ၌ ကြည်နူးဖွယ်ရာသာယာလှပသော ဒေဝဒဟ ရေအိုင်ကြီးအနီး မင်းတဲဆောက်ကာ ရေဖျန်းသဘင် ပျော်ရွှင်ဆင်နွှဲခဲ့ကြသည့်အကြောင်း သာသနာဝင်ကျမ်းများ၌ပါရှိသည်။ ထိုနည်းတူ ပုဂံခေတ် တွင်လည်း နွေကာလတွင် နန်းတော်မှသည် မြစ်ဆိပ်အထိ တစ်ဆက်တစ်စပ်တည်း တဲနန်းဥမင် ယာယီဆောက်ကာ ဘုရင်နှင့်တကွ နန်းတော်သူ နန်းတော်သားတို့ ရေကစားခဲ့ကြကြောင်း ရာဇဝင်ကျမ်း၌ပါရှိရာ နွေရာသီတွင် ရေကန်၊ မြစ်ဆိပ်တို့၌ ရေပက်ဖျန်းကစားခဲ့ကြသည့် အစဉ်အလာသည် ရှေးနှစ်ပေါင်း များစွာကတည်းကပင်ရှိခဲ့ပြီး ယင်းအစဉ်အလာမှ သင်္ကြန်ရေကစားသည့်ဓလေ့ ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ယူနက်စ်ကိုက လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of the Intangible Cultural Heritage of Humanity) အဖြစ် တရားဝင်သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအနက် ပထမဆုံး ယူနက်စ်ကို စာရင်းဝင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် နှစ်စဉ်ကျင်းပသည့် ရေသဘင်ပွဲတော်ဖြစ်သော ဆွန်ခရမ်ကိုလည်း ၂၀၂၃ ခုနှစ်တွင် ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်အဖြစ် ယူနက်စ်ကိုက အသိအမှတ်ပြုခဲ့ရာ ထိုင်းက ၂၀၂၄ ခုနှစ် ဆွန်ခရမ်ပွဲတော်ကို ခရီးသွားလုပ်ငန်း ဆွဲဆောင်မှုတစ်ရပ်အဖြစ် အကြီးအကျယ် ကျင်းပခဲ့သည်ဟု သိရသည်။
ယူနက်စ်ကိုအဖွဲ့သည် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ၂၀၀၉ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးအသီးသီးတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အစဉ်အလာထုံးဓလေ့များ၊ ပွဲတော်များ စသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယဉ်ကျေးမှု အမွေအနှစ်စာရင်းအတွက် အဆိုပြုတင်သွင်းရာတွင် ယူနက်စ်ကိုသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၏ တင်ပြချက်များကိုသာ အဆုံးအဖြတ်ပေးခြင်းဖြစ်ပြီး နိုင်ငံများ၏အစိုးရများကမူ ထိုသို့အဆိုပြုတင်သွင်းသည့် အဖွဲ့အစည်းအား သံတမန်ရေးရာအကူအညီနှင့် အခြားလိုအပ်သည့် အကူအညီများကို ကူညီထောက်ပံ့ပေးခြင်းသာ ပြုနိုင်သည်ဟု သိရသည်။
ယခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ကို နိုင်ငံတစ်ဝန်း အမြို့မြို့အနယ်နယ်တို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာတို့ကို မမေ့မလျော့ ဖော်ထုတ်ကြရမည့်အပြင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ယူနက်စ်ကိုသို့ မြန်မာနိုင်ငံမှ နောက်ထပ်တင်သွင်းသွားမည့် လက်ဖက်စို၊ သနပ်ခါး၊ ထမနဲ စသည် တို့ကိုလည်း မှတ်မှတ်ရရ ဝိုင်းဝန်းဖော်ထုတ်သွားကြရန်လိုသည်။
တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး အတူတကွ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုကြီးဖြစ်သည့် မိမိတို့မြန်မာနိုင်ငံတွင် ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အတည်ပြုထားသည့် အမွေအနှစ်ပေါင်း ၂၂၈၉ ခုရှိသည်။ ထိုယဉ်ကျေးမှု အမွေအနှစ်များ မပျောက်မပျက်ရေးနှင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် အဓိကထိန်းသိမ်းစောင့်ရှောက်ကြရမည့်သူများမှာ ပြည်သူများသာဖြစ်သည်။ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပြီးဖြစ်သော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကြီး၏ဂုဏ်ဒြပ်ကို ပျော်ရွှင်ကြည်နူးမှု၊ ယဉ်ကျေးသိမ်မွေ့မှုပုံရိပ်များဖြင့် မြှင့်တင်ထိန်းသိမ်းကြရပါမည့်အကြောင်း။ ။
သတင်းစာများ - ၃၅၁၂ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
