ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၄၇၂ ဒသမ ၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် သာစည်မြို့နယ်၌ ငွေကျပ် ၂၀၀ ဒသမ ၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 31, 2026
image_latest


နေပြည်တော် မတ် ၃၀

ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၄၇၂ ဒသမ ၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့် သာစည်မြို့နယ်၌ ငွေကျပ် ၂၀၀ ဒသမ ၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ကြီးတံခွန် မြို့နယ် (ဂ) ရပ်ကွက် ၆၂ လမ်း၊ ၁၁၈ x ၁၁၉ လမ်းကြားတွင် ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်နေ မြင့်နိုင်ဦး(ခ) ကိုရဲ (၅၆)နှစ် မောင်းနှင်လာသော ADIXIN အမျိုးအစား မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၂၀) ဖမ်းဆီးရမိသည်။

 စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် မြင့်နိုင်ဦး (ခ) ကိုရဲနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၀၀)၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေ တစ်ကီလို (ဆေးပြားတစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၅၀) နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ရှစ်ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂ ဒသမ ၄ သိန်း) တို့ကို ထပ်မံဖမ်းဆီးရမိသဖြင့် မြင့်နိုင်ဦး (ခ) ကိုရဲအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားသည်။

ထို့အတူ မတ် ၂၈ ရက် ည ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမှ မန္တလေးသို့ မောင်းနှင်လာသည့် JINDEI အမျိုးအစား ခရီးသည်တင်မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ကျွန်းလှမြို့နယ် ရေရှင်ကျေးရွာနေ မမြင့်မြင့်ထွေး (၂၆) နှစ်၊ ပျော်ဘွယ်မြို့နယ် ရှမ်းပွဲ ရပ်ကွက်နေ မစုစုဝင်း(၄၅)နှစ်တို့ နှစ်ဦး သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၇၅ ဒသမ ၅ သိန်း)၊ ဘိန်းစိမ်း ၂ ဒသမ ၈ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၉ သိန်းနှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂၅ ဒသမ ၂ သိန်း) တို့ကို ဖမ်းဆီးရမိသဖြင့် မမြင့်မြင့် ထွေးနှင့် မစုစုဝင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၈၈ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download