ပြည်ထောင်စုကြီး၏အကျိုးကို ရှေးရှု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 15, 2026
image_latest


ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှုအင်အားနှင့် စွန့်လွှတ်စွန့်စား ရင်းနှီးပေးဆပ်မှုများစွာဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။ လွတ်လပ် ရေးရပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာခဲ့သော်လည်း စည်းလုံး ညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုအားနည်းခဲ့သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပြီး အခက်အခဲများစွာဖြင့် သံသရာလည်နေသည်ကို သတိပြုမိ ကြရမည်ဖြစ်သည်။

လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများသည် ယနေ့ထက်တိုင် မချုပ်ငြိမ်းနိုင်သေးဘဲ အဆိုးသံသရာတွင်လည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ခေတ်အဆက်ဆက်အစိုးရများက နိုင်ငံဖွံ့ဖြိုးရေးအတွက် အစွမ်းကုန်ကြိုးပမ်းတည်ဆောက်ခဲ့ကြသော်လည်း တည်ဆောက်မှုများ ရှေ့မတိုးနိုင်ဘဲ အထပ်ထပ် ပြန်လည်တည်ဆောက်နေရသဖြင့် တိုင်းပြည်နောက်ကျကျန်ရစ်နေသည်မှာ ဝမ်းနည်းစရာဖြစ်သည်။ မိမိနိုင်ငံတိုးတက်မှသာ မိမိတို့ဘဝများအားလုံး တိုးတက်လာမည်ဖြစ်၍ လက်နက်ကိုင်လမ်းစဉ်များကို ရပ်တန့်ကြဖို့အချိန် ကျရောက်နေပြီဖြစ်သည်။ မိမိနိုင်ငံကို မိမိနိုင်ငံသားများက ကာကွယ်စောင့်ရှောက်ခြင်းမပြုလျှင် တိုင်းတစ်ပါး၏ စော်ကားမှုအမျိုးမျိုးဖြင့် နစ်မွန်းနေမည်သာဖြစ်သည်။

လက်ရှိအချိန်တွင် မိမိနိုင်ငံကို မိမိကိုယ်တိုင်ဖျက်ဆီးနေကြသည့် ပြည်တွင်းပြည်ပမှ အဖျက်သမားများက နိုင်ငံတော်အတွင်း စည်းလုံးညီညွတ်မှုပြိုကွဲပြီး နိုင်ငံဖရိုဖရဲဖြစ်စေရန် နည်းမျိုးစုံဖြင့် နှောင့်ယှက်ဖျက်ဆီးဖြိုခွဲနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ လွဲမှားသည့် လက်နက်ကိုင်လမ်းစဉ်များကြောင့် မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် တိုးတက်စပြုနေပြီဖြစ်သည့် အခြေခံအဆောက်အအုံများ မြောက်မြားစွာဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဆုံးရှုံးမှုများသည် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးများ၏ အသက်ခန္ဓာ၊ စည်းစိမ်ဥစ္စာနှင့် ပိုင်ဆိုင်မှုများပင်ဖြစ်သည်။ နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးအရင်းအမြစ်များသည် မိမိတို့၏ ဘဏ္ဍာငွေကြေးအရင်းအမြစ်များ ပင်ဖြစ်သည်ကို သတိချပ်ဖို့လိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားတွင် “လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖြေရှင်းသည့်နည်းလမ်းသည် နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ ဘာရလဒ်မှမထွက်ခဲ့သည်ကို သင်ခန်းစာယူဖို့လိုသကဲ့သို့ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်သည်ကို အမှန်အတိုင်းရှုမြင်ရန် အချိန်ကျရောက် နေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြမည်ဆိုပါက ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာရန် နိုင်ငံတော်က အစဉ်အမြဲကြိုဆို ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကမ်းလှမ်းဖိတ်ခေါ်ကြောင်း” အသိပေးပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးစားပွဲဝိုင်းတွင် ပါဝင်ဆွေးနွေးရေး၊ ဥပဒေဘောင်အတွင်း ဝင်ရောက်ရေးစသည်တို့ကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယနေ့အချိန်အထိ နိုင်ငံတော်၏စေတနာကို နားလည်ပြီး လက်တွဲပါဝင်ဆောင်ရွက်ကြသူများရှိသလို မျက်ကွယ်ပြုပြီး လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်ဖက်တွယ် နေသူများလည်းရှိသည်။ နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် အရေးပါသည့် အောင်မြင်မှုများရရှိထားသည်။ ပြည်တွင်းပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းသည့် NCA ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် အချို့လက်နက်ကိုင်အဖွဲ့များသည် အမှန်တရားကိုမျက်ကွယ်ပြုကာ ပဋိပက္ခဇာစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံရေးဆန္ဒနည်းပါးခဲ့ပြီး ၎င်းတို့အဖွဲ့အစည်းနှင့် အကျိုးစီးပွားကိုသာ အလေးထားခဲ့သောကြောင့် NCA လုပ်ငန်းစဉ်သည် ရှေ့ရောက်သင့်သလောက် မရောက်ဘဲဖြစ်ခဲ့ရသည်။

လက်ရှိကာလတွင် ပထဝီနိုင်ငံရေးအခြေအနေများအရ မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရန်၊ ကာကွယ်စောင့်ရှောက်ရန်အတွက် စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်ရမည့်အချိန်ဖြစ်သည်။ အစဉ်အမြဲ ဖွင့်လှစ်ပေးထားသည့် ငြိမ်းချမ်းရေး ဗိမာန်သို့ လာရောက်ကြဖို့လိုသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်သည့်အခါ ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား ဖြစ်သင့်သည်များကိုပြောဆိုပြီး ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားကြရမည်ဖြစ်သည်။ မတူညီသည်များကို ခဏဘေးဖယ်ထား၍ တွေ့ဆုံဆွေးနွေးခြင်းဖြင့် တူညီသည့်သဘောထားများကို ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်တွေ့ကျပြီး အောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှသာ ပြည်ထောင်စုကြီးဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ကောင်းကျိုးကို ရှေးရှုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။       ။

သတင်းစာများ - ၃၄၁၁ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download