ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၄) ကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / October 22, 2024


ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၏ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၂၄)ကို ၁၃-၁၀-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများကို ထိရောက်အကျိုးရှိစွာ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန်အတွက် အစိုးရဌာန၊ အဖွဲ့ အစည်းများ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီစစ်ဆေး၍ အစီရင်ခံတင်ပြခြင်းဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ် ပိုမိုခိုင်မာအားကောင်းစေရေးအတွက် ကြီးကြပ် ထိန်းကျောင်းပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေး အရည်အသွေးပြည့်ဝမှု၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းပြည့်ဝမှုတို့သည် အလွန်အရေးကြီးပါကြောင်း၊ ထို့အတွက် မဟာဗျူဟာရည်မှန်း ချက်များချမှတ်၍ နှစ်အလိုက် လုပ်ငန်းစီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိရာ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ IT Audit တိုးချဲ့စစ်ဆေးနိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ အရေးကြီးစစ်ဆေးတွေ့ရှိချက်များ၊ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီတင်ပြရန်၊ သတင်းအချက်အလက်လုံခြုံမှုရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ မိမိရုံး၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုမြှင့်တင်‌ပေးနိုင်သော အရည်အသွေးပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများက စစ်ဆေးခြင်းဆိုင်ရာ၊ ဝန်ထမ်း ရေးရာစီမံခန့်ခွဲခြင်းနှင့် လေ့ကျင့်သင်ကြားခြင်းဆိုင်ရာ၊ ဝန်ထမ်းသက်သာချောင်ချိရေးဆောင်ရွက်မှုဆိုင်ရာများ၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အသီးသီး တင်ပြဆွေးနွေးကြပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပခဲ့ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ် ချုပ်ရုံးများ၊ နေပြည်တော်စာရင်းစစ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး ညွှန်ကြားရေးမှူးများက စစ်ဆေးရေး၊ ဝန်ထမ်းနှင့် စာရင်းပိုင်းဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထိုနောက် စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံရေးရာနှင့် ဝန်ထမ်းဆိုင်ရာများ၊ နည်းပညာဖွံ့ဖြိုး ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းပိုင်းဆိုင်ရာများ၊ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က စစ်ဆေးရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးမှာကြားခဲ့သည်။

ယင်းနောက် ဒုတိယစာရင်းစစ်ချုပ်က တင်ပြဆွေးနွေးမှုများ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်ဆွေးနွေးမှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက နဝရတ်ခန်းမမှ လည်းကောင်း၊ ချင်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြ သည်။

သတင်းစာများ - ၂၉၆၃ ခု

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၂၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၁၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၁၇ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download