ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် လယ်ဝေးမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 16, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးကာ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် လယ်ဝေးမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (တံတားဦး) သို့ သွားရောက်ပြီး ရေဘေးဒဏ်ကြောင့် ကျောင်းအုတ်တံတိုင်းပြိုကျပျက်စီးခဲ့မှု၊ စာသင်ခန်းများအတွင်း ရေဝင်ရောက်နေမှု၊ စာသင်ဆောင်နှင့် ကျောင်းအတွင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့်ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျောက်ချက်)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (အိုင်စောက်) နှင့် လယ်ဝေးမြို့နယ် ပေါက်မြိုင်ရွာ အခြေခံပညာအလယ်တန်းကျောင်းများသို့သွားရောက်၍ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးရေနစ်မြုပ်ကာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောင်းအတွင်း ရေများအလုံး အရင်းဝင်ရောက်ခဲ့မှု၊ ရေနှင့်အတူ အမှိုက်ဒိုက်၊ သဲနုန်းများ ကျောင်းအတွင်း ဝင်ရောက်ခဲ့မှုနှင့် ကျောင်း၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး သင်ကြားရေးလုပ်ငန်းများ အမြန်ပြန်လည်စတင်နိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၆၈ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download