ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်နှင့် အထင်ကရနေရာများ ကြည့်ရှုလေ့လာပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image_latest


ရန်ကုန် စက်တင်ဘာ ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အဖွဲ့သည် BRICS Media Summit သို့တက်ရောက်ရန် ​မော်စကိုမြို့၌ ရောက်ရှိ​နေကြ​သည့် မီဒီယာဆိုင်ရာကိုယ်စားလှယ်များနှင့်အတူ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ​မော်စကိုမြို့ရှိ အထင်ကရနေရာများဖြစ်​သော ကရင်မလင်နန်း​တော်နှင့် ​ရှေး​ဟောင်းပြတိုက်များ၊ အညတရသူရဲ​ကောင်းတစ်ဦး၏ ဂူဗိမာန်၊ ရင်ပြင်နီ၊ ဗာစီလီး ဘလာရမ်း နီရီဘုရား​ကျောင်း၊ ဘာသာ​ရေးဆိုင်ရာ အဓိကဘုရား​ကျောင်း​နေရာများသို့ သွား​ရောက်ပြီး ကြည့်ရှုလေ့လာကြသည်။

အကြီးဆုံးမြို့များထဲမှ တစ်မြို့

မော်စကိုမြို့သည် Moskva မြစ်​ပေါ်တွင်တည်ရှိပြီး လူဦးရေ ၁၃ သန်းကျော် ​နေထိုင်​ကြောင်း သိရသည်။ ​မော်စကိုမြို့သည် ကမ္ဘာ​ပေါ်ရှိ အကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ပြီး မြို့အမည်မှာ Moskva မြစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။

၁၁၅၆ ခုနှစ်တွင် ရုရှားမင်းသားကြီး ယူရီးရီဒေါ်လဂါရုကီးရီက ပထမဆုံးခံတပ်ကို ဘာရောဗြီ စကီးရီ (မှို) တောင်ကုန်းပေါ်၌တည်ဆောက်ခဲ့ပြီး ၁၆ ရာစုနှစ်များတွင် ထိုခံတပ်သည် ကရင်မလင် (နန်းတော်) အဖြစ် ပြောင်းလဲလာခဲ့​​ကြောင်းသိရသည်။ မင်းသားကြီးယူရီးရီ ဒေါ်လဂါရုကီးရီက မော်စကိုမြို့ကို တည်ဆောက်ခဲ့သည်ဟု အသိအမှတ်ပြုကြပြီး ရင်ပြင်နီမှာ ၁၅ ရာစုတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က တော့ရဂ် (ဈေး) ဟုခေါ်ခဲ့ရာမှ ဖြည်းဖြည်းချင်း တော့ရဂ်သည် မြို့တော်၏ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာကိစ္စများအတွက် အချက်အချာနေရာ ဖြစ်လာခဲ့သည်။ သတင်းများသိရှိနိုင်ရန်၊ ရှင်ဘုရင်၏ အမိန့်များကို ကြားသိနိုင်ရန်အတွက် လူများက ထိုနေရာသို့ သွားခဲ့ကြခြင်းဖြစ်သည်။ ၎င်းနေရာ၌ ရောင်းဝယ်ဖောက်ကားမှုများက အမြဲတမ်းဖြစ်နေခဲ့ သည်။ ဗာစီလီးဘလာရမ်းနီရီ ဘုရားရှိခိုးကျောင်းသည် ရင်ပြင်နီကို အဓိကအလှဆင်ထားသည်။ ထိုဘုရားကျောင်းကို ၁၅၆၁ ခုနှစ်က တည်ဆောက်ခဲ့​ကြောင်း သိရသည်။ ၁၈၁၂ ခုနှစ်တွင် နပိုလီယံ၏ တပ်များကို အောင်နိုင်သည့် အထိမ်းအမှတ်အဖြစ် အများပြည်သူတို့၏ လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့သော ခရစ်စထ်စပါစီးကျေးလ် (ကယ်တင်ရှင်ခရစ်တော်) ဘုရားရှိခိုးကျောင်းမှာလည်း စိတ်ဝင်စားစရာ သမိုင်းကြောင်းရှိသည်။ ၁၈၃၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၃ ခုနှစ်တွင် ပြီးစီးကာ ဘုရားကျောင်းကို အကောင်းဆုံးပန်းချီဆရာများ၊ ပန်းပုဆရာများ၏လက်ရာများဖြင့် အလှဆင်ထားသည်။ ၁၉၉၅ ခုနှစ်တွင် ဘုရားကျောင်းပြုပြင်မွမ်းမံရေးလုပ်ငန်းများကိုစတင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ဆေးခြယ်အလှဆင်မှုများ ပြီးစီးသည်။ ၂၀၀၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက်တွင် ခရစ်စထ်စပါစီးကျေးလ် ဘုရားရှိခိုးကျောင်းကြီးကို ဖွင့်လှစ်ခဲ့​ခြင်းဖြစ်သည်။

ရှင်းလင်းဖြေကြား

ပြည်​ထောင်စုဝန်ကြီးသည် Centre for Public and Business Cooperation with the Republic of the Myanmar ၏ သတင်းမီဒီယာအဖွဲ့နှင့်တွေ့ဆုံပြီး ရုရှား - မြန်မာ နှစ်နိုင်ငံ ပူး​​ပေါင်း​​ဆောင်ရွက်​ရေး ​ဆောင်ရွက်​နေမှုများ၊ မြန်မာနိုင်ငံ၏ ပကတိဖြစ်ရပ်မှန်အ​ခြေအ​နေ၊ အာရှနိုင်ငံအချို့တွင် ​ကြုံတွေ့နေရသလို မြန်မာနိုင်ငံတွင်လည်း ​ရေ​ဘေးအန္တရာယ် ကြုံ​တွေ့​နေရမှု၊ နိုင်ငံ​တော်အကြီးအကဲနှင့် တာဝန်ရှိသူများက ရေ​​ဘေးကူညီကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​ထောင်​ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်​နေမှု၊ ​ပြည်လုံးကျွတ် သန်း​ခေါင်စာရင်း​ ကောက်ယူ​ရေးအတွက် ​ဆောင်ရွက်​နေမှုအ​ခြေအ​နေများကို ရှင်းလင်း​ဖြေကြားသည်။

လက်ရှိအခြေအနေမှန်ဆွေးနွေး

ပြည်​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်းသည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ​မော်စကိုမြို့ရှိ ရုရှားဖက်ဒ​ရေးနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စစ်သံမှူး ဗိုလ်မှူး​ချုပ်မိုးကျော်နှင့် သံရုံး၊ စစ်သံရုံးဝန်ထမ်းများအားတွေ့ဆုံကာ နိုင်ငံ​တော်၏ လက်ရှိအ​ခြေအ​နေမှန်များ၊ သတင်းတုသတင်းမှားများအပေါ် ဆန်းစစ်​ဝေဖန်ပိုင်းခြားနိုင်​ရေး၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦး​ဆောင်၍ ယ​နေ့ ပညာ​ရေး၊ ကျန်းမာ​ရေး၊ ​ရေ​ဘေးကယ်ဆယ်​ရေးနှင့် ပြန်လည်ထူ​ထောင်​​ရေး၊ နိုင်ငံ​တော်လုံခြုံ​ရေးအတွက် ဆောင်ရွက်​နေမှုများကို ရှင်းလင်း​ဆွေး​နွေးသည်။

ထို့​နောက် ပြည်​ထောင်စုဝန်ကြီးက သံအမတ်ကြီး၊ စစ်သံမှူးနှင့် ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ​ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်​ထောင်စုဝန်ကြီးသည် တည်းခိုသည့် Plaza Garden ဟိုတယ်၌ ရုရှား Roscongress မှ အ​ရှေ့​တောင်အာရှဆိုင်ရာအကြီးအကဲ Mr. Sergey Vladimirovich နှင့် အလွတ်သဘောတွေ့ဆုံ၍ ရုရှား - မြန်မာ မီဒီယာပူး​ပေါင်း​ဆောင်ရွက်မှုများ အမြန်ဆုံး အကောင်အထည်​ဖော်​ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်း​ဆွေး​နွေးခဲ့ကြသည်။

ည​နေပိုင်းတွင် မော်စကိုမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

သတင်းစဉ်

သတင်းစာများ - ၂၉၃၄ ခု

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download