ပြည်ထောင်စုဝန်ကြီး ဦးလှမိုး UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ကို လက်ခံတွေ့ဆုံ နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက UNDP မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Titon Mitra ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ “အသိုက်အဝန်း ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတိုးမြှင့် ပေးရေးလုပ်ငန်းစီမံချက်” အကောင်အထည်ဖော်ရေးကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများအတွက် M & E စစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ နည်းပညာထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊ ENCORE စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများ၊ Cash for Work လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထောက်ပံ့ဆောင်ရွက်ပေးခဲ့မှုများ၊ ဆိုလာရေရရှိရေးလုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ၊ VDP စီမံကိန်းများနှင့် ရန်ပုံငွေရရှိခွဲဝေ အသုံးပြုမှုဆိုင်ရာများ၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများနှင့် UNDP အဖွဲ့နှင့် အတူလက်တွဲဆောင်ရွက်သွားမည့်အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကာ ယာယီရေဘေးကာကွယ်ရေးစခန်းတွင်ရောက်ရှိနေသည့် ပျဉ်းမနားမြို့နယ် ကျွန်းဦး၊ ကွက်သစ်၊ ဆင်သေ၊ ဈေးကုန်း၊ ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့က ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ရေဘေးသင့်ခဲ့သည့် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာသို့သွားရောက်ကာ လူနေအိမ်များ ရေကြီးနစ်မြုပ်နေမှုအခြေအနေများ၊ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျေးရွာအတွင်း ဝင်ရောက်လျက်ရှိသောရေများ အမြန်ဆုံးလျော့ကျစေရေးအတွက် ရေထွက်ပေါက်များ အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် ရေကျသွားပါက လမ်းပန်းဆက်သွယ်ရေးများမပြတ်တောက်စေရေး၊ သွားလာမှုအဆင်ပြေစေရေးနှင့် သန့်ရှင်းသောသောက်သုံးရေများရရှိရေးတို့ကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန်နှင့် ရေရှည်ကောင်းမွန်ရေး ပြန်လည်ပြုပြင် ဆောင်ရွက်မည့်အစီအမံများ တင်ပြသွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ်ရွာသွန်းပြီး ဆင်သေချောင်းရုတ်တရက်ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့သည့် ဇေယျာသီရိမြို့နယ် ရွာသစ်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်းရေကြီးနစ်မြုပ်ခဲ့သည့် စက်ရေတွင်းများ၊ လက်တူးတွင်းများကို တွင်းဆေးလေမှုတ်ဆောင်ရွက်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ကျေးရွာချင်းဆက်လမ်းများ၊ မိုးစပါးစိုက်ခင်းများ ရေတိုက်စားပျက်စီးမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေပြည်သူများ ရေကြောင့်ဖြစ်ပွားတတ်သောရောဂါများမဖြစ်ပွားစေရေး သောက်သုံးရေများ အမြန်ဆုံးရရှိရေးဆောင်ရွက်ပေးရန်နှင့် ရေတိုက်စားပျက်စီးသွားသောစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ တပ်ကုန်းမြို့နယ်အတွင်းရှိ ရန်ကုန်- မန္တလေးလမ်းဟောင်းမှ ရွှေမြို့(အရှေ့) - ရွှေမြို့ (အနောက်) ဆက်သွယ်ထားသော သစ်သားတံတား ရေတိုက်စားပျက်စီးသွားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယခုရွှေမြို့ (အရှေ့)- ရွှေမြို့(အနောက်) ဆက်သွယ်ထားသော ဆင်သေချောင်းကူးတံတားအပြင် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြားတံတားများကိုလည်း အများပြည်သူသွားလာရေး အဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှုမပြတ် တောက်စေရေး ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ရေကြီးရေလျှံမှုများ လျော့ပါးသွားချိန်တွင် ပျက်စီးသွားသောတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သဘာဝဘေးဒဏ်များခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့်သွင်းတွက်ချက်ပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း‌ ဆွေးနွေးမှာကြားသည်။

သွားရောက်ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန် - ဇီးကုန်း - လေသာ ကျေးရွာချင်းဆက်လမ်းတစ်လျှောက် ကတ္တရာလမ်းနှင့် လမ်းပခုံးများ ချောင်းရေတိုက်စားပျက်စီးမှု အခြေအနေများနှင့် အဆိုပါကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရှည်ပေ ၄၅၀၊ အကျယ် ၂၄ ပေရှိ ဆင်သေချောင်းကူးတံတားမှာ ဆင်သေချောင်းတစ်လျှောက် ရုတ်တရက်ရေကြီး ရေလျှံမှုများကြောင့် တံတားကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ဘေလီတံတားထိုး၍ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြန်လည်ပြုပြင်ဆောင်ရွက်မည့်အစီအမံများ ပြန်လည်တင်ပြသွားရန် ဆွေးနွေးမှာကြားသည်။ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်- ဇီးကုန်း - လေသာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဆင်သေချာင်းကူးတံတားကို ဘေလီတံတားထိုး ပြင်ဆင်ပြီးဖြစ်ပါသဖြင့် အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၉၃၄ ခု

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download