ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သဘာဝဘေးကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် သဘာဝဘေးကြောင့်ပျက်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လမ်း၊ တံတားများကို ယာယီပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် အမြဲတမ်းပြုပြင်ခြင်းလုပ်ငန်းများအတွက် ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) ရှိ နဝင်းချောင်းတံတား (အဆုံတံတား) သို့သွားရောက်ပြီး ချောင်းရေတိုက်စား ပျက်စီးသွားသည့် တံတားချဉ်းကပ်လမ်းအား ယာယီဘေလီတံတားထိုး၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ယာဉ်များသတ်မှတ်ချက်အတိုင်း စနစ်တကျ ဖြတ်သန်းသွားလာမှုနှင့် တံတားကြံ့ခိုင်မှု အခြေအနေတို့ကိုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်တင်ယာဉ်ကြီးများသွားလာနိုင်ရန် ယာယီဘေလီတံတား၏ တံတားသတ်မှတ်ခံနိုင်ဝန်အားကို စနစ်တကျစစ်ဆေးတွက်ချက်ဆောင်ရွက်ထားရှိမှု၊ ရေစီးနှင့်အတူမျောပါလာသော သစ်ပင်ကြီးများ၊ သစ်မြစ်များ၊ သစ်လုံးကြီးများနှင့် ကျောက်တုံးကြီးများအား ဖယ်ရှားရှင်းလင်းထားရှိမှု၊ တံတား၏ Up Stream နှင့် Down Stream တို့တွင် ရေလမ်းကြောင်း ရှင်းလင်းဆောင်ရွက်ထားရှိမှုနှင့် ကင်းသာလမ်းဆုံ၌ရေတိုက်စား၍ လမ်းသားပျက်စီးသွားသည့်နေရာများအား ပြန်လည်ပြင်ဆင်ခြင်း ဆောင်ရွက်နေသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

အဆိုပါနဝင်းချောင်းတံတား၏ ချဉ်းကပ်လမ်း ပျက်စီးသွားသောနေရာ၌ တန် ၄၀ ခံနိုင်ဝန်ရှိသော အရှည်ပေ ၁၀၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ သုံးလွှာတစ်ထပ် ဘေလီတံတားထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ခရီးသည်တင်မော်တော် ယာဉ်များ၊ ကုန်စည်ပို့ဆောင်သည့်မော်တော်ယာဉ်များကို တန် ၄၀ အထိ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆင်သေချောင်းတံတား (ပုပ္ပားကုန်း) သို့ သွားရောက်ပြီး အရှည်ပေ ၇၀၊ ယာဉ်သွားလမ်းအကျယ် ၁၄ ပေ တစ်လွှာတစ်ထပ်၊ သံပေါင်ဘေလီတံတားထိုးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လမ်းတာပေါင် ကြံ့ခိုင်မှုအခြေအနေများကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ ဆင်သေချောင်းတံတား (သိုက်ချောင်း) နေရာတွင် ယာဉ်သွားလာမှုပိုမိုအဆင်ပြေလွယ်ကူစေရေးအတွက် ယာယီပြင်ဆင်ပြီး၍ အသုံးပြုနေပြီဖြစ်သော အရှည်ပေ ၁၃၀၊ ယာဉ်သွားလမ်း အကျယ် ၁၄ ပေ နှစ်လွှာတစ်ထပ် ယာယီဘေလီ တံတားနှင့်အပြိုင် နောက်ထပ်ဘေလီတံတားတစ်စင်းထိုး၍ အသွားတစ်စင်း၊ အပြန်တစ်စင်းအသုံးပြုနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေကိုလည်းကောင်း၊ မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာ လမ်းပေါ်ရှိ တံတားအမှတ် (၂/၂၀) ၏ ရေတိုက်စား၍ ပျက်စီးသွားသည့်နေရာအား ယာယီဘေလီတံတားထိုးခြင်းဆောင်ရွက်နေသည့် အခြေအနေကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်း၊ တံတားများ ပျက်စီးမှုများကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ အများပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေနေပြီဖြစ်ပြီး ကုန်စည်များလည်း အဆက်မပြတ်ပို့ဆောင်နိုင် ပြီဖြစ်ကြောင်းနှင့် ပြန်လည်ပြင်ဆင်ပြီးစီးခဲ့သည့် လမ်း၊ တံတားများ၏ကြံ့ခိုင်မှုအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် နေ့ညမပြတ်အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယာယီပြုပြင်ပြီးတံတားများကို မူလအခြေအနေအတိုင်းဖြစ်စေရေး အခိုင်အမာ တံတားများအဖြစ် ကြိုးစားပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၉၃၄ ခု

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download