ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image_latest


ဗီယင်ကျန်း စက်တင်ဘာ ၁၈

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် (၅၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်သည်။

ဆွေးနွေးညှိနှိုင်း

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းတွင် (၃၈)ကြိမ်မြောက် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ ကောင်စီအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံနိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် အာဆီယံကုန်စည်ကုန်သွယ် ရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုအရ ပင်ရင်းဒေသ စည်းမျဉ်း၊ ကုန်စည်များလွယ်ကူချောမွေ့စေရေး၊ လူ၊ အပင်နှင့် တိရစ္ဆာန်များ ရောဂါပိုးမွှားကင်းစင်ရေး၊ စံချိန်စံညွှန်းနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် အကောက်ခွန်ပေါင်းစည်းရေးဆိုင်ရာ ကိစ္စရပ်များတွင် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည့်အပြင် ၂၀၂၅ ခုနှစ်တွင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်း အပြီးသတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် ဝန်ကြီးများက ကုန်စည် ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီနှင့် လုပ်ငန်းအဖွဲ့များကို လမ်းညွှန်ခဲ့သည်။

မွန်းလွဲပိုင်းတွင် (၂၇) ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ စီးပွားရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသ အကောင်အထည်ဖော်မှုအရ ဆောင်ရွက်လျက်ရှိသည့် အာဆီယံစဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လမ်းညွှန်ချက်များရေးဆွဲခြင်း၊ ဒေသတွင်း ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ်များဆောင်ရွက်ခြင်း၊ အာဆီယံရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ ရေးသားပြုစုထုတ်ဝေခြင်း၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပခြင်းနှင့် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

ထို့ပြင် ကောင်စီအစည်းအဝေးနှင့် တစ်ဆက်တည်းပြုလုပ်သည့် အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ပဉ္စမအခြေပြစာချုပ် လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံကိုယ်စား ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ အခြေပြစာချုပ်သည် အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ပထမအခြေပြစာချုပ်နှင့် လက်ရှိပဉ္စမအခြေပြစာချုပ် မူကြမ်းအထိ ပြင်ဆင်ချက်များ အားလုံးအပါအဝင် ခေါင်းစီးမှတ်စု၊ ပူးတွဲများနှင့်အတူ စုစည်းပြင်ဆင်ထားခြင်းဖြစ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေးအကြံပေးကောင်စီက ၂၀၂၄ ခုနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကိုတင်ပြခဲ့ရာ ဝန်ကြီးများက အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိကအခန်းကဏ္ဍက ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို လမ်းညွှန်ခဲ့ပြီး အစိုးရ-ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှု ယန္တရားဆိုင်ရာ အကြံပြုချက်စာတမ်းကို အတည်ပြုခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၇ ရက်တွင် (၅၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံစီးပွားရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ဝန်ကြီးများက လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူနေသည့် ၂၀၂၄ ခုနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ၏ အကောင်အထည်ဖော်မှုအခြေအနေ၊ အာဆီယံထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ချိတ်ဆက်မှုဆိုင်ရာ အာဆီယံကြေညာချက်နှင့် ဉာဏမူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင် သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းအတွက် အကြံပြုချက်များကို မှတ်တမ်းတင်ခဲ့သည်။

အတည်ပြု

ထို့ပြင် အာဆီယံဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း မူဝါဒများကို စံပြုရန်အတွက် အာဆီယံအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း မူဝါဒပိုင်းဆိုင်ရာ ညွှန်းကိန်းများနှင့် အာဆီယံတွင် အားလုံးပါဝင်သော စီးပွားရေးအသိအမှတ်ပြုမှု စနစ်မူဘောင်တို့ကိုလည်း အတည်ပြုခဲ့သည်။

မွန်းလွဲပိုင်းတွင် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူစာချုပ် စေ့စပ်ညှိနှိုင်းမှု၏ အကောင်အထည်ဖော်မှု အခြေအနေကို မှတ်တမ်းတင်ခဲ့ပြီး ယင်းစေ့စပ်ညှိနှိုင်းမှုများ ၂၀၂၅ ခုနှစ်တွင် အချိန်မီအပြီးသတ်နိုင်ရေး လိုအပ်သည်များကို လမ်းညွှန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းတွင် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ကမ္ဘာ့ဉာဏမူပိုင်ခွင့်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အာဆီယံနှင့် ကမ္ဘာ့ဉာဏ မူပိုင်ခွင့်အဖွဲ့တို့အကြား ဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ်ဆန်းသစ် တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ အာဆီယံဒေသတွင်း ၂၀၄၅ တွင် ပြည်သူဗဟိုပြု တီထွင်ဆန်းသစ်မှုများဖြင့် ဖွံ့ဖြိုးတိုးတက်မှု အသွင်ပြောင်းလဲရေးနှင့် အာဆီယံနှင့် ကမ္ဘာ့ဉာဏမူပိုင် ခွင့်အဖွဲ့တို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ အရှိန်မြှင့်တင်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် (၁၆) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ဝန်ကြီးများက စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄ ပါ လုပ်ငန်းများ အကောင်အထည်ဖော်မှုကို မှတ်တမ်းတင်ခဲ့ပြီး စီအယ်လ်အမ်ဗွီ လုပ်ငန်းအစီအစဉ် ၂၀၂၅-၂၀၂၆ ကို ပုံသေမထားဘဲ လိုအပ်သလိုပြင်ဆင်မွမ်းမံသွားမည့် အစီအစဉ်တစ်ခုအဖြစ် အတည်ပြု၍ လုပ်ငန်းများ ထပ်မံဖြည့်စွက်ရန်အတွက် အဆင့်မြင့်စီးပွားရေး အရာရှိများအား တာဝန်ပေးအပ်ခဲ့သည်။

ထို့ပြင် ဝန်ကြီးများက စီအယ်လ်အမ်ဗွီနိုင်ငံများအား ၂၀၃၀ ပြည့် နှစ်တွင် ရေရှည်တည်တံ့သော အလယ်အလတ် အထက်အဆင့်ဝင်ငွေရှိသည့် နိုင်ငံများအဖြစ်ရပ်တည်နိုင်ရန် အထောက်အပံ့ ပေးမည့် စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင် ၂၀၂၀-၂၀၃၀ အကောင်အထည်ဖော်မှု၏ လုပ်ငန်း အစီအစဉ်ရေးဆွဲရေးအတွက် ကမ္ဘောဒီးယားနိုင်ငံက အဆိုပြုထားသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန်နှင့် မူဘောင်ကိုအကောင်အထည်ဖော်ရန် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အပေါ် ဆွေးနွေး ညှိနှိုင်းခဲ့သည်။

အဆိုပါ အစည်းအဝေးများတွင် လာအိုနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Malaithong Kommasith သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ၊ အာဆီယံ ရင်းနှီးမြှုပ်နှံမှုဒေသ ကောင်စီဝန်ကြီးများ၊ စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံစီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစီးပွားရေးဝန်ကြီးများနှင့်အတူ အီးယူကုန်သွယ်ရေး ကော်မရှင်၊ ရုရှား၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ ဟောင်ကောင် (တရုတ်)၊ အမေရိကန်၊ အိန္ဒိယ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အရှေ့ အာရှ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား အပေါင်းသုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေးများနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးများအစည်းအဝေးသို့ ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၂၉၃၄ ခု

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 18, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download