ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များသို့ သွားရောက်ကြည့်ရှုအားပေး၍ အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များသို့ သွားရောက်ကြည့်ရှုအားပေး၍ အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 13, 2024
ရန်ကုန် အောက်တိုဘာ ၁၂
မြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ မော်ပီဆရာသိန်းစာကြည့်တိုက်၊ တိုက်ကြီးမြို့နယ်ရှိ အင်္ဂလာရပ်ကွက်၊ ပညာ့အလင်းစာကြည့်တိုက်နှင့် ဥက္ကံမြို့ရှိကောင်းသန့်စာကြည့်တိုက်တို့သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ ပဲခူးတိုင်းဒေသကြီး သုံးဆယ်မြို့ရှိ ပီမိုးနင်းစာကြည့်တိုက်သို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေး၍ အလှူငွေနှင့် စာအုပ်စာစောင်များပေးအပ်လှူဒါန်းသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မှော်ဘီမြို့ရှိ ဆရာကြီးမော်ပီဆရာသိန်းအား ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ထားသည့် မော်ပီဆရာသိန်း စာကြည့်တိုက်ကိုရောက်ရှိ၍ မြို့မိမြို့ဖများ၊ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီများနှင့်တွေ့ဆုံကာ စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ စာပေဖတ်ရှုလေ့လာစေရေး၊ လူငယ်များ စာပေဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားရန် ဆောင်ရွက်ပေးသင့်သည့် အခြေအနေများကို ဆွေးနွေးပြောကြားကာ စာကြည့်တိုက်အတွက် အလှူငွေကျပ်သိန်း ၂၀ နှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။
မော်ပီဆရာသိန်း စာကြည့်တိုက်ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၏ မတည်ငွေနှင့် မြို့မိမြို့ဖများ၏ ထည့်ဝင်ငွေတို့ဖြင့် ၂၀၁၃ ခုနှစ် တွင် ငွေကျပ် ၃၅၉ သိန်းဖြင့် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
စာကြည့်တိုက်များဖွင့်လှစ်ပေး
ထို့နောက် တိုက်ကြီးမြို့နယ် အင်္ဂလာရပ်ကွက်တွင် တည်ဆောက်ထားသည့် ပညာ့အလင်းစာကြည့်တိုက်ဖွင့်လှစ်ပွဲ အခမ်းအနားသို့တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပြည်ထောင်စုဝန်ကြီးက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများအား ပြည်သူများ အသိပညာမြင့်မားတိုးတက်စေရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း အသိပညာမြင့်မားတိုးတက်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲက စာမတတ်သူသည် ထိုင်နေသည့်လူနှင့်တူပြီး စာတတ်ပြီးစာမဖတ်သူမှာ ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး စာပေလေ့လာဖတ်ရှုသူဖြစ်မှသာ လမ်းလျှောက်နေသည့်လူနှင့်တူသည်ဟု လမ်းညွှန်ထားသည့်အတွက် ပြည်သူအားလုံး စာပေဖတ်ရှုလေ့လာကြရန် လိုအပ်ပါကြောင်းနှင့် ယခုစာကြည့်တိုက်ကို ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် တိုင်းဒေသကြီးအစိုးရက ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားကာ စာကြည့်တိုက်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အလှူငွေနှင့် စာအုပ်စာစောင်များအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်မှုကော်မတီနှင့် တိုက်ကြီးမြို့နယ်ဒေသခံပြည်သူများက အလှူငွေနှင့် စာအုပ်စာစောင်များအားလည်းကောင်း ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဥက္ကံမြို့ရှိ ကောင်းသန့်စာကြည့်တိုက်သို့ရောက်ရှိ၍ စာကြည့်တိုက်ကော်မတီဝင်များ၊ မြို့မိမြို့ဖများအားတွေ့ဆုံကာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးရေး၊ ပြည်သူများ အကောင်းအဆိုးအမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် စာပေလေ့လာဖတ်ရှုစေ၍ အသိပညာမြင့်မားအောင် ဆောင်ရွက်ပေးရေးတို့ကို ဆွေးနွေးမှာကြားကာ အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းကြသည်။
ပေးအပ်လှူဒါန်း
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့်အတူ သုံးဆယ်မြို့ ဗိုလ်စိန်မှန်ပန်းခြံအတွင်း ဖွင့်လှစ်ထားသော ဆရာကြီးပီမိုးနင်းစာကြည့်တိုက်သို့သွားရောက်၍ စာကြည့်တိုက်ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံကာ စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများနှင့် စာကြည့်တိုက်လုပ်ငန်းများအားမေးမြန်းပြီး ဆရာကြီးပီမိုးနင်းစာကြည့်တိုက်အား ကျောင်းသားလူငယ်များဝင်ထွက်သွားလာ၍ စာပေလေ့လာဖတ်ရှုနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေး၊ လူငယ်များ အသိပညာဗဟု သုတမြင့်မားမှသာ အမှား၊ အမှန် ခွဲခြားဆောင်ရွက်နိုင်မည်ဖြစ်၍ အသိပညာမြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ရေး၊ စာကြည့်တိုက်အား ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားကာ အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။
ဆရာကြီးပီမိုးနင်းသည် သုံးဆယ်မြို့ ရွာမကျေးရွာဇာတိဖြစ်သောကြောင့် ဆရာကြီးပီမိုးနင်း အထိမ်းအမှတ်စာကြည့်တိုက်ကို သုံးဆယ်မြို့ ဗိုလ်စိန်မှန်ပန်းခြံအတွင်း၌ ၂၀၁၅ ခုနှစ် အောက်တိုဘာလက စတင်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သာယာဝတီခရိုင်ရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ပြည်သူများ မှန်ကန်သည့်သတင်းအချက်အလက်များရရှိစေရေးနှင့် အသိပညာဗဟုသုတတိုးပွားစေရေးအတွက် မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရေး၊ ပြန်ကြားရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
သတင်းစဉ်
သတင်းစာများ - ၃၀၁၉ ခု
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်နေ့၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download