ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိစက်ရုံများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၂၇

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်ရှိ သုတေသနဌာနသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြန်မာ့ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆေးဝါး စက်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးနှင့် MSME များကို အထောက်အကူပြုနိုင်ရန် ကြိုးစားဆောင်ရွက်ရန်၊ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေးအတွက် စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးကြပ်မတ်ပေးရန်၊ ဝန်ထမ်းများ၏ အတတ်ပညာများနှင့် ကျွမ်းကျင်မှုများကို ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေးစီမံဆောင်ရွက်ရန်၊ ကောင်းမွန်သည့် ဓာတ်ခွဲခန်းကျင့်စဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအဆင့်များကို တိုးမြှင့်ပေးရန်နှင့် ပြည်သူများအတွက်လိုအပ်သော ဆေးဝါးအမယ်သစ်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မူလဓာတ်ခွဲခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ဆောင်မှုလုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရေး ဝန်ထမ်းများကို သင်တန်းများဖွင့်လှစ် လေ့ကျင့်သင်ကြားပေးရန်၊ ဘေးကင်းလုံခြုံရေး၊ ဓာတ်ခွဲခန်းပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့အတွက် အလေးထားစီမံ ဆောင်ရွက်ရန်၊ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များရရှိရေး စီမံဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ရောက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့်ဆေးပြားများ အချိန်မီပေးပို့နိုင်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ကြွေရည်စိမ်ပစ္စည်း စက်ရုံ(လှိုင်)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဈေးကွက်နှင့် ကိုက်ညီသည့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ရန်၊ စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရေး သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများအတွက် လိုအပ်သောကုန်ပစ္စည်းများ ထုတ်လုပ်ရန်၊ ပြည်ပသွင်းကုန် အစားထိုးကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား၍ စက်ရုံအတွင်း ရော်ဘာအခြေပြု ဖိနပ်အမျိုးမျိုး ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။

သတင်းစဉ်

သတင်းစာများ - ၂၉၆၅ ခု

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၂၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download