ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 17, 2025

နေပြည်တော် ဇူလိုင် ၁၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းဆက်လက်အကောင်အထည်ဖော်နေမှုနှင့် စပ်လျဉ်း၍ လေသန့်စင်အလုပ်ရုံ စမ်းသပ်လည်ပတ်နိုင်ရေးအတွက် ရုရှားပညာရှင်များမှ စက်ပစ္စည်းကိရိယာများကို စစ်ဆေးပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သံမြေမှ Romelt နည်းပညာဖြင့် သံစိမ်းများထုတ်လုပ်နိုင်ရေးအတွက် National University of Science and Technology (MiSiS) မှ နည်းပညာဆိုင်ရာ ပံ့ပိုးပေးရေးကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဖြေရှင်းသဘောတူညီချက်စာချုပ်အား TPE ကုမ္ပဏီလီမိတက်မှ သဘောတူလက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ စီမံကိန်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် TPE ကုမ္ပဏီလီမိတက်နှင့် စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်နေမှု၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းသည် ရုရှား-မြန်မာ နှစ်နိုင်ငံလုံး၏ အရေးကြီးသော စီမံကိန်းဖြစ်သည့်အတွက် အောင်မြင်စွာ ဆောင်ရွက်သွားမည့် နည်းလမ်းများကို အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲတွင် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak၊ တတိယအတွင်းဝန် Mr. Vladislav Zaitaev၊ သံအရာရှိ Ms. Anastasia Solovieva တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၃၉ ခု

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။
