ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဝါစိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဝါစိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 24, 2025
နေပြည်တော် အောက်တိုဘာ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်စံပြကျေးရွာသို့ သွားရောက်၍ စက်ချုပ်နည်းပညာသင်တန်း တက်ရောက်အောင်မြင်ခဲ့ပြီး တစ်ပိုင်တစ်နိုင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်နေကြသည့် သင်တန်းသူများ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ လုပ်ငန်းအရင်းအနှီးရရှိရေးတို့အတွက် ထောက်ပံ့ပေးလျက်ရှိသော စီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တစ်ပိုင်တစ်နိုင် စက်ချုပ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသော သင်တန်းသူ ငါးဦး၏ လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် တစ်ဦးလျှင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် သုံးသိန်းစီ ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းသူစားရိပ်သာကို ကြည့်ရှုစစ်ဆေးပြီး ရက်ကန်းနှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ်သင်တန်း၊ လက်ရက်ကန်း (၆) လသင်တန်း တက်ရောက်နေကြသော သင်တန်းသူများအတွက် ဆန်၊ ဆီစားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ကျောင်းအုပ်ဆရာမကြီး၊ နည်းပြဆရာမများ၊ သင်တန်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ လက်ရက်ကန်း (၆) လသင်တန်း တက်ရောက်နေသည့် သင်တန်းသူများ၏ လက်တွေ့သင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ မိတ္ထီလာမြို့နယ် မုန်ပင်ဆည်ကျေးရွာသို့ သွားရောက်၍ ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်း RBF ရန်ပုံငွေဖြင့် မွေးမြူရေးအစုအဖွဲ့ လေးဖွဲ့ စုဖွဲ့ကာ ဆောင်ရွက်လျက်ရှိသည့် နို့စားနွားမွေးမြူရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်းအရှည် ၃ မိုင် ၆ ဖာလုံအနက် ၂ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖို ကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် လိန်တောကျေးရွာအုပ်စု ကျောင်းရာကန်ကျေးရွာသို့ သွားရောက်၍ မိတ္ထီလာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း ငါးသင်းနှင့် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း တစ်သင်းမှ အသင်းသားတောင်သူများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တက်သစ်စစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသား တောင်သူ ဒေါ်ကေသီကျော်၏ လယ်မြေနှစ်ဧကတွင် TBL-195 ချည်မျှင်ရှည်ဝါမျိုး စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၂၇ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
