ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားရုံများနှင့် ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်မှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားရုံများနှင့် ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်မှု ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 26, 2025
နေပြည်တော် အောက်တိုဘာ ၂၅
အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားရုံများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအဆောက်အအုံနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့်အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် အဖွဲ့ဝင်များသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်၍ Football Stadium ၊ Indoor Stadium နှင့် ရေကူးကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝဏ္ဏသိဒ္ဓိအားကစားကွင်းသည် နိုင်ငံတကာအဆင့်မီ အားကစားကွင်းဖြစ်သည့်အတွက် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်သွားရန်၊ အားကစားကွင်းနှင့် အားကစားရုံများသည် နိုင်ငံ၏ အားကစားကဏ္ဍများတွင် အထောက်အကူပြုသည့်နေရာများဖြစ်သည့်အတွက် ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဦးစားပေးအလိုက် ဆောင်ရွက်သွားရန်၊ ရေရှည်ခိုင်ခံ့တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် နည်းပညာကျွမ်းကျင်သူများနှင့် ပူးပေါင်းပြီး ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြုသွားရန်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အဆောက်အအုံအမျိုးအစားနှင့် ပျက်စီးမှုပုံစံအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (Standard Operation Procedure – SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားကာ လုပ်ငန်းခွင်အတွင်း ဆောင်ရွက်နေသည့် အခြေအနေတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအဆောက် အအုံသို့ သွားရောက်၍ အဆောက်အအုံပြန်လည်ပြုပြင်နေသည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခုအဆောက်အအုံသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုကြီးမားခဲ့သော အဆောက်အအုံများစာရင်းတွင် ပါဝင်သည့်အတွက် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံဖြစ်စေရေးအတွက် ငလျင်ဆိုင်ရာ ပညာရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာ ပညာရှင်များ၏ အကြံဉာဏ်များရယူခြင်း၊ အရည်အသွေးစစ်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာနသို့ သွားရောက်၍ ဝန်ကြီးရုံးအဆောက်အအုံနှင့် ရုံးပတ်လမ်း မြေထိန်းနံရံထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်နေမှု၊ လမ်းသားနိမ့်ကျွံသွားသော နေရာတွင် မြေသားပြုပြင်၍ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် မြေထိန်းနံရံ ထပ်မံပြိုကျမှု မဖြစ်ပေါ်စေရေး Bore Pile ဖြင့် ကျောက်စီမြေကာနံရံအသစ် တည်ဆောက်နေမှုအခြေအနေတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြုပြင်တည်ဆောက်နေခြင်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရန်၊ အရည်အသွေးကောင်းမွန်စေရန်တို့အတွက် ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများကို စစ်ဆေးဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၂၉ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
