ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်နေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 10, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာထွက်ပို့ကုန်သီးနှံများ အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ အဓိက လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်းနှင့် ရေထွက်ကုန်များကို ပြည်ပသို့ နှစ်စဉ်တင်ပို့၍ နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာထွက်ကုန်သီးနှံများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် မြန်မာ့ပေါ်ဆန်းကို ကမ္ဘာ့ဈေးကွက်သို့ အဆင့်မီတင်ပို့နိုင်ရေး ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ထို့ပြင် ဒေသတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်စက်ပစ္စည်းနှင့် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်း၊ MSMEs လုပ်ငန်းများမှ ထွက်ရှိသော ပစ္စည်းများမှာ များစွာတိုးတက်ကောင်းမွန်လာပြီဖြစ်၍ ဈေးကွက်အတွင်း ရောင်းအားတိုးမြင့်လာသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ပြည်ပမှ စာအုန်းဆီများကို လုံလောက်အောင် တင်သွင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့လက်ဝယ်ရောက်ရှိအောင် စနစ်တကျ ဖြန့်ဖြူးပေးရန် လိုအပ်ပါကြောင်းနှင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပဲနှမ်းအသင်း ဥက္ကဋ္ဌ၊ ဟင်္သာတမြို့နယ် ဆန်စက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌနှင့် ဟင်္သာတမြို့ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌတို့က သီးနှံများ ကြိတ်ခွဲထုတ်လုပ်တင်ပို့နိုင်မှု၊ ပြည်တွင်းသို့ ဖြန့်ဖြူးပေးနိုင်မှုတို့ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co., Ltd ၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌ ဦးဌေးမြင့်က လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ရှင်းလင်းပြသပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၄၄ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download