ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 11, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းတို့သည် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေး အဖွဲ့ဝင်နှင့်အတူ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ဘုရားကျောင်းကျေးရွာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသည့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် Global Earth Agro & Aqua Industry Public Company Limited(GEAA)၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များကို ကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်က လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ ငါးမွေးမြူထုတ်လုပ်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြေယာများအား ထိထိရောက်ရောက်အသုံးပြု၍ ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာနှင့် တန်ဖိုးမြှင့်စိုက်ပျိုးရေးသွင်းအားစုထုတ်ကုန်များ ထုတ်လုပ်ပြီး ဒေသခံပြည်သူများအတွက် ဖြန့်ဝေနိုင်ရေး၊ ဒေသတွင်း MSME လုပ်ငန်းများအား လက်တွဲခေါ်ယူရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်နိုင်ရေး၊ တောင်သူလယ်သမား၊ ငါးမွေးမြူတောင်သူများကို နည်းပညာသစ်များ ဖြန့်ဝေပေးနိုင်ရေး၊ ဒေသခံအစုအဖွဲ့များ ရှယ်ယာပါဝင်သည့် အများပိုင်ကုမ္ပဏီ (Public Listed Company) စာရင်းဝင်ဖြစ်လာစေရေး၊ ဒေသတွင်းလူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုနှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးမှုနှင့် လူနေမှုစနစ်တိုးတက်လာစေရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကြံပြုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအရှိန်အဟုန်မပြတ်လည်ပတ်စေရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီ၏ အစာတောင့်စက်ရုံ၊ နည်းပညာသစ်အသုံးပြု၍ ငါးမွေးမြူထုတ်လုပ်နေမှုအခြေအနေ၊ ငါးအခြေခံစားသောက်ကုန်ထုတ်စက်ရုံ၊ ငါးအသားလွှာထုတ်လုပ်မည့်အစီအစဉ်နှင့် အအေးခန်းစက်ရုံများ၊ စပါးခွံသုံးလျှပ်စစ်ထုတ်လုပ်သုံးစွဲမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။ အဆိုပါလုပ်ငန်းသည် စနစ်ဟောင်းငါးမွေးမြူခြင်းမှ ခေတ်မီစနစ်ဖြင့် တစ်နေရာတည်း၌ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်၍ Food Park ဖြစ်ပေါ်လာစေရေးနှင့် စားသုံးသူများအတွက် Farm to Table ရောက်ရှိအောင်ဆောင်ရွက်၍ ငါးနှင့်ပတ်သက်သော စားသောက်ကုန်များအား အော်ဂဲနစ်စံချိန်ဖြင့်ထုတ်လုပ်ပြီး မြန်မာ့ရေထွက်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့လျက်ရှိသည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရန် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ခွင့်ပြုထုတ်ချေးငွေများ ပြန်လည်ကောက်ခံရရှိရေးတို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေး ပံ့ပိုးပေးနေမှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ရပ်ဖြစ်ပေါ်လာစေရေး ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ စက်မှုဇုန်နယ်မြေ (Pathein Industrial Complex) အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို သွားရောက်ကြည့်ရှုအားပေး၍ ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၄၅ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download