ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်း၊ အလေးမနှင့် ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှု လိုက်လံကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 16, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၅

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ တာဝန်ရှိသူတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်ချွန်ဘူရီနှင့် ဆုန်ခလာမြို့များတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ပီတန်း၊ အလေးမနှင့် ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပီတန်းလေ့ကျင့်ရေးကွင်း၌ လေ့ကျင့်လျက်ရှိသည့် ပီတန်းအားကစားနည်းမှ (အမျိုးသား/အမျိုးသမီး) Shooting ၊ Mixed Double နှင့် Mixed Triple အမျိုးအစားအလိုက် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအားတွေ့ဆုံ၍ မိမိတို့ယခုရရှိထားသည့် ရမှတ်များထက် ပိုမိုကောင်းမွန်သည့် ရမှတ်များရရှိအောင် အခြေခံနည်းစနစ်များနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများကို ကျွမ်းကျင်ပိုင်နိုင်မှုရှိရန် ကြိမ်ဖန်များစွာ လေ့ကျင့်သွားရန်လိုကြောင်း၊ ယခင်ရရှိခဲ့သည့် အောင်မြင်မှုများတွင် ကျေနပ်နှစ်သိမ့်မနေဘဲ မကြာမီကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများရရှိအောင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ကြိုးစားအားထုတ်သွားရန်လိုကြောင်း၊ နောက်ဆုံးအကြိမ် လက်ရည်စမ်းပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန်တာဝန်ရှိသူများ အားမှာကြားပြီး အားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလေးမလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသည့် အလေးမအားကစားသမားများ၏ ဝိတ်တန်းများအလိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး မိမိတို့ရရှိထားသည့်စံချိန်ထက် သာလွန်ကောင်းမွန်စွာဖြင့် စံချိန်သစ်များရရှိခဲ့သည့် အားကစားသမား များနှင့် အုပ်ချုပ်/ နည်းပြများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်၍ ပြိုင်ပွဲတွင် စံချိန်သစ်များ ထပ်မံတင်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားသွားကြရန်နှင့် ထိခိုက်ဒဏ်ရာများမရရှိအောင် အထူးဂရုစိုက်လေ့ကျင့်သွားကြရန် မှာကြားသည်။

ထို့နောက် ဂျူဒိုလေ့ကျင့်ရေးရုံ၌ ဂျူဒိုအားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအား တွေ့ဆုံ၍ ဆုတံဆိပ်များရရှိအောင် အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ ပြိုင်ပွဲကာလနီးကပ်လာပြီဖြစ်၍ ကျန်းမာရေးအထူးဂရုစိုက်ရန်နှင့် အိပ်ရေးဝဝအိပ်ရန်လိုအပ်ကြောင်း၊ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုရှိမှသာ လေ့ကျင့်မှုပြုလုပ်ရာတွင် မိမိလိုသလို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အောင်မြင်မှုအခြေခံ “စ” ခုနစ်လုံးဖြစ်သည့် “စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအား၊ စည်းလုံးမှု၊ စံချိန်၊ စံညွှန်းနှင့် စံနှုန်း” များ ကောင်းမွန်ပိုင်နိုင်အောင် ကြိုးစားလေ့ကျင့်သွားရန်လိုကြောင်း၊ ယခင်အောင်မြင်မှုများကို မေ့ထားပြီး ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ဂျူဒိုအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်သွားကြရန်နှင့် လူတိုင်းတွင် စိန်ခေါ်မှု၊ ကန့်သတ်ချက်၊ လိုလားချက်များစွာရှိသော်လည်း အမြဲတမ်းအကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားရန် တိုက်တွန်းမှာကြားပြီး အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၅၁ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download