ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် နေပြည်တော်-တောင်ငူ ရထားလမ်းပိုင်း စမ်းသပ်မောင်းနှင်နေမှု လိုက်ပါစီးနင်းပြီး လမ်းပိုင်းကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 04, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး နှင့်အတူ ဘက်ထရီလျှပ်စစ်စက်ခေါင်းအမှတ်၊ 1600-04 ဖြင့် နေပြည်တော်-တောင်ငူ ရထားလမ်းပိုင်း၌ ရထားစမ်းသပ်မောင်းနှင်နေမှုကို လိုက်ပါစီးနင်းပြီး လမ်းပိုင်းနှင့်ဘူတာများ၊ တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-တောင်ငူ ရထားလမ်းပိုင်း ပြည်ဝင်ဘူတာသို့ရောက်ရှိပြီး ဘူတာတည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် မြို့လှဘူတာသို့ရောက်ရှိပြီး မြို့လှဘူတာပျက်စီးမှုကို ပြန်လည်ပြုပြင်ရန်နှင့် ဘူတာယာဒ်ဝင်းနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပစေရေး ထိန်းသိမ်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ထို့နောက် ပျဉ်းမနား-တောင်ငူလမ်းပိုင်းအတွင်း ကျွန်းကုန်းဘူတာအနီး Automatic Levelling Lining Tamping Machine စက်ဖြင့် ကျောက်ပါကင်ရိုက်ခြင်းနှင့် သံလမ်း Level ချိန်ညှိနေမှုကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်နှင့် တောင်ငူအကြား အမြန်နှုန်း ၇၅ ကီလိုမီတာနှုန်း အပြည့်အဝမောင်းနှင်နိုင်ရေး စဉ်ဆက်မပြတ်ထိန်းသိမ်းပြုပြင် ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူဘူတာသို့ရောက်ရှိပြီး ယင်းမှတစ်ဆင့် တောင်ငူမြို့ မြို့ရှောင်ရထားလမ်းဖောက်လုပ်နေသည့်နေရာသို့ ကြည့်ရှုစစ်ဆေးကာ ဖို့မြေဖို့ရာတွင် အောက်ခံနုန်းမြေသားများ ပြောင်စင်အောင်ဖယ်ထုတ်ပြီးမှ Compression ရအောင် တစ်လွှာပြီး တစ်လွှာဖို့၍ ကြိတ်ရန်၊ အမာခံခံနိုင်အားကို စနစ်တကျမှတ်တမ်း တင်ထားရှိရန်၊ ရထားလမ်းမှ ၇၅ ပေအကွာ နယ်နိမိတ် တစ်လျှောက် ရေနုတ်မြောင်းတစ်ပါတည်းတူးဖော်ရန်နှင့် သတ်မှတ်အကွာအဝေးအလိုက် သစ်ပင်များကို လာမည့်မိုးရာသီတွင် အပြီးစိုက်ပျိုးရန်၊ မြို့ရှောင် လမ်းဘူတာပရဝဏ် မြေဖို့လုပ်ငန်းကို ၂၀၂၆ ခုနှစ် ဧပြီလကုန်အပြီး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ တောင်ငူမှ နေပြည်တော်သို့ ဘက်ထရီလျှပ်စစ် စက်ခေါင်းရထားတွဲဆိုင်းဖြင့် ပြန်လည်စီးနင်းခဲ့သည်။

အဆိုပါ လျှပ်စစ်စက်ခေါင်းသည် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) မှ တပ်ဆင်ထုတ်လုပ်ခဲ့သော စက်ခေါင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း လေးခေါင်းမြောက် တည်ဆောက်ခဲ့သည့် စက်ခေါင်းဖြစ်ကြောင်းနှင့် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ထုတ်လုပ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၀၁ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download