ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဇေယျာသီရိမြို့နယ် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံအားပေး
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဇေယျာသီရိမြို့နယ် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံအားပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 08, 2026
နေပြည်တော် ဇန်နဝါရီ ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် မအူတောကျေးရွာအုပ်စု စိမ်းစားပင်ကျေးရွာသို့ သွားရောက်၍ အသင်းသား ၁၂၀၊ စိုက်ပျိုးမြေဧက ၅၁၀ ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နွေစပါးစိုက်ပျိုးမည့် ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသား တောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
စီစဉ်ပေးမည်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ရွှေဇေယျာ စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သက်တံ့ရောင်သမဝါယမစီမံကိန်းရန်ပုံငွေတို့ဖြင့် အထွက်တိုးမျိုးနှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးပေးခဲ့ပြီး ထွက်ရှိလာသော စပါးများကို အသင်းပိုင်ဆန်စက်မှ ပြန်လည်ဝယ်ယူကြိတ်ခွဲပေးခဲ့ပါကြောင်း၊ အသင်းသား တောင်သူများကလည်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်တိုးမျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပြီး အသင်းမှ စီစဉ်ပေးမည်ဖြစ်ကြောင်း။
ညှိနှိုင်းပေါင်းစပ်
မြေယာပြုပြင်ရာတွင်လည်း ဓာတ်မြေဩဇာကို သက်သာသော ဈေးနှုန်းရရှိအောင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်၍ သဘာဝမြေဩဇာများ ရောနှောပေါင်းစပ် အသုံးပြုကြရေး၊ ဆည်ရေသောက်စနစ်ဖြစ်သည့်အတွက် ရေကို အကျိုးရှိစွာအသုံးချရေး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပို့ချသော စိုက်နည်းစနစ်များအတိုင်း စနစ်တကျ စိုက်ပျိုးကြရေး၊ နိုင်ငံတော်ထံမှ ချေးယူထားသည့် ချေးငွေများ အပြေအကျေပြန်လည်ပေးဆပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဒေသခံပြည်သူများနှင့် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာလိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ စပါးတင်း ပေါင်း ၅၀၀၁၃၁ တင်း၊ ဆန်ထုတ်လုပ်မှုနှင့် ရိက္ခာဆန်ပေးသွင်း မှုအနေဖြင့် ၂၄ ပြည် ဆန်အိတ်ပေါင်း ၁၈၆၀၅၀ ဝယ်ယူကြိတ်ခွဲထုတ်လုပ်ခဲ့သော ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင် ဆန်စက်လည်ပတ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၀၅ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
