ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံသစ်တောကျောင်း၊ အမှတ်စဉ် ၁၁၉ မှ သင်တန်းသားများအား သွားရောက်တွေ့ဆုံ


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / January 09, 2026


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၉-၁-၂၀၂၆ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်းအမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ တောတွင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသစ်တောကျောင်း၊ အမှတ်စဉ် ၁၁၉ မှ သင်တန်းသားများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံသစ်တောကျောင်းသည် ၁၈၉၈ ခုနှစ်မှ စတင်၍ အခြေခံသစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး အဓိကကျောရိုး သစ်တောဝန်ထမ်းများကို မွေးထုတ်ပေးလာခဲ့ရာ ရာပြည့်နှစ်အလွန် ငွေရတုပင် ကျော်လွန်လာခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၅ ခုနှစ် ဆန်းစစ်ချက်အရ ၄၂.၁၅ ရာခိုင်နှုန်းရှိသဖြင့် သစ်တောပြုန်းတီးမှု သိသာစွာ နည်းပါးလာသည်ကို တွေ့ရှိရကြောင်း၊ သစ်တော ဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်း ရရှိစေရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်လည်း ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း သစ်တောဖုံးလွှမ်းမှု ပိုမိုတိုးတက်ပြီး ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ဖြစ်စေရန် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် ကြိုးဝိုင်း၊ ကြိုးပြင်တောများတိုးချဲ့ဖွဲ့စည်းရေး၊ သစ်တောစိုက်ခင်းများ တည်ထောင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းရေး၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး၊ ရေဝေရေလဲနှင့် ဒီရေတောများ ထိန်းသိမ်းရေး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ပြင်ဦးလွင်ခရိုင် အထူးစိမ်းလန်းစိုပြည်ရေး လုပ်ငန်းများအား နှစ်တို နှစ်ရှည် လျာထားချက်များ၊ စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများနှင့်အတူ တရားမဝင်သစ် ထုတ်ယူမှု ကာကွယ်တာဆီးရေးအတွက်လည်း သက်ဆိုင်ရာဌာန၊ ပြည်သူလူထုနှင့် ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊

အဆိုပါ လုပ်ငန်းများတွင် ပင်မကျောရိုး အဖြစ် တာဝန်ထမ်းဆောင်ရမည့် သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာသွားပြီး ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ကျရာနယ်ပယ်မှ အောင်မြင်အောင် ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလုထုက အားကိုးအားထားပြုထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းသွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားပြီး သင်တန်းသားများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိုးစွေ သစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေနှင့် ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် ၇၂ ရှိ ၁၉၉၅ ခုနှစ် ကွက်လပ်ဖြည့် ကျွန်းစိုက်ခင်း ၃.၅ ဧကအတွင်း ကျွန်းပင်များ ထိန်းသိမ်းထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

သတင်းစာများ - ၃၄၀၆ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download