ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 12, 2026
မြစ်ကြီးနား ဇန်နဝါရီ ၁၁
နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ သာသနာ့ဝန်ဆောင် မြို့ဦးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အလှူငွေများပေးအပ်
ထို့နောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၌ မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ သိက္ခာတော်ရဆရာတော်များနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ယုံကြည်ကိုးကွယ်သည့် ဘာသာတရားပေါ်တွင် အခြေခံပြီးဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီလက်ကိုင်ထားပြီး တည်ငြိမ်အေးချမ်း၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာစေရန်၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို ငြိမ်းချမ်းစွာ အတူလျှောက်လှမ်းသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရာတွင် ဘာသာရေးခေါင်းဆောင် ဆရာတော်များအနေဖြင့် စွမ်းနိုင်သည့်ကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး လက်ဆောင်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ပြည်နယ်အစိုးရ အဖွဲ့ရုံး မေခခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားလိုအပ်သည်များကို ပေါင်းစပ်ပေးနိုင်ရန်အတွက် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဦးတည်ချက် (၄) ရပ်တွင် ပထမအချက်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် ရွေးကောက်ပွဲအတွက် ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း (၁)ကို အောင်မြင်စွာ ကျင်းပပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့ကျင်းပပြီး ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း။
ချမှတ်ဆောင်ရွက်လျက်ရှိ
ရွေးကောက်ပွဲပြုလုပ်မှသာ ပြည်သူများက ရွေးချယ်တင်မြှောက်သည့် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အစိုးရသစ်ဖြင့် နိုင်ငံတော်တာဝန်များကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော ကုန်ထုတ်စွမ်းအားစုများကို ဦးစားပေးမြှင့်တင်နိုင်ရေး ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
ဖြည့်စွက်ပံ့ပိုးပေးရန်လို
စိုက်ပျိုးရေးကဏ္ဍများအောင်မြင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခုဖြစ်သည့် (One Region One Product) ကုန်ထုတ်လုပ်ငန်းများတွင် ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြုပြီး အသေးစား၊ အငယ်စား၊ အလတ်စား (MSME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများက လိုအပ်သော အရင်းအနှီး၊ နည်းပညာများကို ဖြည့်စွက်ပံ့ပိုးပေးရန် လိုအပ်ပါကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ကြမ်းမှ ကုန်ချောအထိထုတ်လုပ်နိုင်ရန်အတွက် လျှပ်စစ်မီးသည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အားကိုရေအား၊လေအား၊ နေရောင်ခြည်စွမ်းအား၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့များမှ ထုတ်လုပ်ကြပါကြောင်း။
အကျိုးများစွာခံစားရမည်
ရေအားလျှပ်စစ်သည် ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ပြီး ကချင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်မေခ၊ မလိခမြစ်နှစ်ခုမှ ပေါင်းစည်းပေးသည့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည်သုံးသပ်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မြစ်ဆုံစီမံကိန်းအောင်မြင်ပါက ကချင်ပြည်နယ်နှင့် နိုင်ငံတော်၏ အကျိုးပြုစေမည့် ကုန်ထုတ်စွမ်းအား ပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများရရှိပြီး နောင်လာနောက်သားများ အကျိုးများစွာခံစားရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ငလျင်နှင့် အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဒေါက်တာအေးလွင်က ရေလှောင်တမံတည်ဆောက်မှုနှင့် ပတ်သက်၍ ငလျင်ဒဏ်ခံနိုင်မှုအတွက်အဓိကထား တွက်ချက်ဆောင်ရွက်မှုအခြေအနေကို အသေးစိတ် ရှင်းလင်း တင်ပြသည်။
အသေးစိတ်ရှင်းလင်း
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်း၍ ရေကြီးရေလျှံမှုများကို ထိန်းသိမ်းဆောင်ရွက်နိုင်မှု၊ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော မြစ်လက်တက်များကြောင့် ဧရာဝတီမြစ်ရေပုံမှန်အတိုင်းဆက်လက်စီးဆင်းနိုင်မှု၊ မြစ်ကြောင်းတစ်လျှောက်ရေယာဉ်များ ပုံမှန်ခုတ်မောင်းသွားလာနိုင်မှု၊ ပြည်နယ်အတွင်းနှင့် နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု၊ ဒေသခံပြည်သူလူထု စိုးရိမ်မှုမရှိစေရေးနည်းပညာပိုင်းဆိုင်ရာအဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်းဆောင်ရွက်သွားမည့်အခြေအနေတို့ကို ဒေသခံပြည်သူများအား အသေးစိတ် ရှင်းလင်းသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်စပ်လျဉ်း၍ သဘောထားအမြင်များကို ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာ ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အဖွဲ့သည် ယမန်နေ့က ပြည်နယ်တရားလွှတ်တော် အဆောက်အအုံ အလျား ၂၀၆ ပေ၊ အနံ ၁၅၃ ပေရှိ သံကူ ကွန်ကရစ် လေးထပ်အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစေရေးနှင့်စပ်လျဉ်း၍မှာကြားသည်။
ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ရေကြည်ချောင်းရေထိန်းတံခါး အကျယ်ရှစ်ပေ၊ အမြင့်ရှစ်ပေရှိ သံကူကွန်ကရစ် ရေထုတ်ရေထိန်းတံခါး ခုနစ်ပေါက် တည်ဆောက်နေမှုသွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်အတွင်းပြီးစီးရေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၀၈ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
