ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နည်းပညာတက္ကသိုလ် (သန်လျင်) ရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 23, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၂

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ဧည့်ပါမောက္ခအဖြစ် လာရောက်သင်ကြားပေးနေသော စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများနှင့်အတူ ယနေ့တွင် နည်းပညာတက္ကသိုလ် (သန်လျင်) သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆောင်ပုဒ် နှင့်အညီ နိုင်ငံတော်၏ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေးတွင် အင်ဂျင်နီယာများသည် ဦးဆောင်ဦးရွက်ပြုရမည့်သူများဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေတူးဖော်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်များ တည်ဆောက်ပြုပြင်ခြင်း၊ ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်ရေးအတွက် ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအကျဆုံးဖြစ်သဖြင့် မျိုးဆက်သစ်အင်ဂျင်နီယာများ စိတ်ပါဝင်စား၍ လိုက်ပါဆောင် ရွက်လာစေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်စေရန်အတွက် အားပေးအားမြှောက်ပြုလျက်ရှိပါကြောင်း။

စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှု သင်တန်းကျောင်းကိုလည်း မကြာမီကာလအတွင်း ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်ပညာရပ်များ၊ သင်တန်းများလည်း စေလွှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့သင်ကြားလျက်ရှိသည့် ဘာသာရပ်များအလိုက် ထူးချွန်ထက်မြက်အောင် ကြိုးစားကြစေလိုကြောင်းနှင့် နိုင်ငံတော်ကိုအကျိုးပြုနိုင်သည့် အင်ဂျင်နီယာကျောင်းသား ကျောင်းသူများ ဖြစ်ကြပါစေ ကြောင်း ပြောကြားပြီး နည်းပညာတက္ကသိုလ် (သန်လျင်) မှ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများကို စာကြည့်တိုက်၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ကာ ပါမောက္ခချုပ်နှင့် ဧည့်ပါမောက္ခများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေနံအင်ဂျင်နီယာဌာနရှိ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းနှင့် ဓာတုအင်ဂျင်နီယာဌာနရှိ ဓာတ်ခွဲခန်းတို့ကို သွားရောက်လေ့လာကြည့်ရှု၍ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများအား အားပေးစကားပြော ကြားသည်။

ယင်းနောက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ) သို့ရောက်ရှိရာ အထွေထွေမန်နေဂျာက ဘဏ္ဍာရေးနှစ်အလိုက် အဆောက်အအုံများ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ရေယာဉ်နှင့် ရေလုံသင်္ဘောကျင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ဝန်ထမ်းအိမ်ရာများတွင် ပြုပြင်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန် စံနှုန်းများပြည့်မီစေရေး၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ကြရန်၊ စခန်းလုံခြုံရေးနှင့် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသပ်ရပ်ရေး၊ ဝန်ထမ်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးမှာကြားပြီး ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ) အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၁၉ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download